Serie A

နာပိုလီကိုတရားဥပဒေအရအရေးယူဖို့ အိုဆင်ဟမ်ရဲ့အေးဂျင့်ခြိမ်းခြောက်

အိုဆင်ဟမ်ရဲ့အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမားကို ဆိုရှယ်မီဒီယာမှာလှောင်ပြောင်ခဲ့တဲ့ နာပိုလီအသင်းရဲ့အပြုအမူကို တရားဥပဒေအရရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

နာပိုလီအသင်းဟာ သူတို့ရဲ့TikTok မှာ တိုက်စစ်မှူး အိုဆင်ဟမ် ဘိုလော့ဂ်နာအသင်းနဲ့ ပွဲမှာ ပင်နယ်တီလွဲခဲ့တာနဲ့အတူ ပင်နယ်တီတောင်းနေတဲ့ ဗီဒီယိုကိုတင်ခဲ့တာပါ။ဒီဗီဒီယို ပြန်ဖျက်ခဲ့ပေမယ့် အိုဆင်ဟမ်ရဲ့အေးဂျင့်ကတော့ နာပိုလီအသင်းကို တရားဥပဒေအရအရေးယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

အိုဆင်ဟမ်ရဲ့အေးဂျင့်က “နာပိုလီရဲ့တရားဝင်အကောင့်မှာ ဖြစ်ပျက်ခဲ့တဲ့အရာကို လက်ခံနိုင်စရာမရှိပါဘူး။လှောင်ပြောင်ခဲ့တဲ့အနေနဲ့ လူသိရှင်ကြား တင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ပြန်ဖျက်ခဲ့ပါတယ်။အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ တရားဥပဒေအတိုင်းဆောင်ရွက်ခွင့်ရှိတယ်”လို့ ရေးသားခဲ့တာပါ။

https://x.com/FabrizioRomano/status/1706784057479118979?s=20

အိုဆင်ဟမ်နဲ့ ဘိုလော့ဂ်နာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ သူ့ကိုလူစားလဲခဲ့တဲ့ နာပိုလီအသင်းနည်းပြ ရူဒီဂါစီယာနဲ့လည်း ထိပ်တိုက်တွေ့ခဲ့ပြီး သူ့ရဲ့လုပ်ရပ်အတွက် ပွဲအပြီးမှာ နည်းပြနဲ့ အသင်းဖော်တွေကို ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

အိုဆင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းကို နှစ်ပေါင်း ၃၀ ကျော်ကြာဝေးကွာခဲ့တဲ့ စီးရီးအေဖလားရယူနိုင်အောင် စီးရီးအေပြိုင်ပွဲမှာ ၂၆ ဂိုးအထိသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။အိုဆင်ဟမ်ဟာ အခုနှစ်ရာသီမှာ နာပိုလီအသင်းအတွက် ၃ ဂိုးသွင်းယူပေးထားပါတယ်။

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို