Serie A

စီးရီးအေတစ်ပတ်တာအကောင်းဆုံးအသင်းမှာ ဂိုးသမားအဖြစ် ပါဝင်လာခဲ့တဲ့ ဂီရောဒ့်

ဝါရင့်တိုက်စစ်မှူး ဂီရောဒ့်ဟာ အေစီမီလန်အသင်းက ဂျီနိုအာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂိုးသမားအဖြစ်လက်စွမ်းပြသနိုင်ခဲ့ပြီးနောက် စီးရီးအေတစ်ပတ်တာအကောင်းဆုံးအသင်းမှာ ဂိုးသမားအဖြစ် ပါဝင်လာခဲ့ပါတယ်။

ဒီပွဲမှာ အေစီမီလန်အသင်းဂိုးသမား မိုင်ဂ်နန်ဟာ ပွဲပြီးဆုံးကာနီးမှာ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံရလို့ ဂီရောဒ့်ဟာ ဂိုးသမားအဖြစ် တာဝန်ယူခဲ့ရပြီး ဂျီနိုအာအသင်းရဲ့တိုက်စစ်ဆင်မှုကို အနာခံပြီး ဖျက်ထုတ်ကာ အသင်းအတွက် ဂိုးမပေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ဂီရောဒ့်ဟာ သူ့ရဲ့တိုက်စစ်မှူးနေရာထက် ဂိုးသမားအဖြစ်နဲ့ စီးရီးအေရဲ့တစ်ပတ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံရတာပါ။အေစီမီလန်အသင်းကလည်း ဂီရောဒ့်ရဲ့စွမ်းဆောင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့နာမည်နဲ့နံပတ်ပါ ဂိုးသမားဂျာစီကို ထုတ်ခဲ့ပြီး ပရိသတ်တွေကို ဝယ်ယူလို့ရအောင် လုပ်ပေးခဲ့ပါတယ်။

ပရိသတ်တွေကလည်း ဂီရောဒ့်ရဲ့ဂိုးသမားဂျာစီကို အမှတ်တရသိမ်းဆည်းချင်တာကြောင့် ဒီဂျာစီတွေဟာ အမြန်ဆုံးရောင်းကုန်သွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို