Serie A

မော်ရင်ဟိုနဲ့ မိမိအကြားမှာ အပြန်အလှန်ယုံကြည်မှုရှိတယ်လို့ ပြောခဲ့တဲ့ လူကာကူ

ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ရိုးမားအသင်းတိုက်စစ်မှူး လူကာကူက သူနဲ့ နည်းပြ မော်ရင်ဟိုတို့ အကြားမှာ အပြန်အလှန်ယုံကြည်မှုရှိတယ်လို့ ပြောလိုက်ပါတယ်။

လူကာကူဟာ နွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းထံ အပြီးသတ်မပြောင်းရွှေ့နိုင်ခဲ့သလို ဂျူဗင်တပ်စ်အသင်းနဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီး ချယ်လ်ဆီးအသင်းကလည်း သူ့ကို အသင်းမှာ မထားချင်ခဲ့တာပါ။နောက်ဆုံးမှာတော့ ချယ်လ်ဆီး၊ ယူနိုက်တက်အသင်းတွေမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်းမော်ရင်ဟိုရှိတဲ့ ရိုးမားအသင်းဆီ ရာသီအကုန်ထိ အငှားစာချူပ်နဲ့ လူကာကူ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ရှိ လူကာကူဟာ ကာဂလီယာရီအသင်းကို အနိုင်ရတဲ့ပွဲမှာ ရိုးမားအသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် ဒီရာသီမှာ ရိုးမားအသင်းအတွက် ၈ ပွဲကစားအပြီးမှာ ၇ ဂိုးအထိ သွင်းယူထားတာပါ။

epaselect epa10907963 Roma’s Romelu Lukaku jubilates after scoring the 4-0 lead during the Italian Serie A soccer match Cagliari calcio vs AS Roma at the Unipol domus in Cagliari, Italy, 08 October 2023. EPA/FABIO MURRU

လူကာကူက “ဒီနွေရာသီမှာ ကျွန်တော်အလုပ်တွေအများကြီးလုပ်ခဲ့ပြီး လူအများအပြားက ကျွန်တော့်အကြောင်းပြောကြပေမယ့် ပြန်ပြောမှာမဟုတ်ပါဘူး။ကွင်းထဲမှာပဲ ကျွန်တော့်တန်ဖိုးကို ပြသသွားမှာပါ။မော်ရင်ဟိုနဲ့ ကျွန်တော့်ကြားမှာ အထူးဆက်ဆံရေးရှိပါတယ်”

“သူက ကျွန်တော့်မိသားစုကို သိပါတယ်။သူက ကျွန်တော့်ကို ယုံကြည်တယ်၊ အပြန်အလှန်ပေါ့”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို