Serie A

အပိုင်အခွင့်အရေးကို ကာကွယ်ပေးခဲ့ပြီး အေစီမီလန်အတွက် အဖိုးတန် ၃ မှတ်ယူပေးခဲ့တဲ့ ဂီရောဒ့်

တိုက်စစ်မှူး ဂီရောဒ့်ဟာ အေစီမီလန်အသင်းက ဂျီနိုအာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဂိုးသမား မိုက်ဂနန့်ထုတ်ပယ်ခံခဲ့ရလို့ အေစီမီလန်အသင်းဂိုးပေါက်ကို တာဝန်ယူခဲ့ပြီး အပိုင်အခွင့်အရေးကို ကာကွယ်မှုပြုလုပ်သွားခဲ့ပါတယ်။

အေစီမီလန်ဂိုးသမား မိုက်ဂနန်ဟာ နာကျင်အချိန်ပိုမှာ ပြိုင်ဘက်ကစားသမား ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ဒီအချိန်မှာ အေစီမီလန်အသင်းဟာ လူစားလဲဖို့ ကစားသမားပြည့်သွားခဲ့ပြီဖြစ်လို့ ဂီရောဒ့်က ဂိုးသမားအဖြစ် တာဝန်ယူဖမ်းသွားခဲ့တာဖြစ်ပါတယ်။

https://x.com/SiaranBolaLive/status/1710792786520449357?s=20

ဂီရောဒ့်ဟာ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ဂျီနိုအာအသင်းရဲ့ဂိုးရနိုင်မယ့် အခွင့်အရေးကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပြီး အသင်းကို အဖိုးတန် ၃ မှတ်ယူပေးခဲ့တာပါ။ဂီရောဒ့်ကတော့ သူဟာ ဒီလိုအတွေ့အကြုံမျိုးကို မကြုံတွေ့ခဲ့ဖူးပေမယ့် အသင်းတစ်ခုလုံးအတွက် ဂုဏ်ယူမိကြောင်းနဲ့ တစ်သင်းလုံးဟာ ခြင်္သေ့လိုတိုက်ပွဲဝင်ခဲ့ကြတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂီရောဒ့်က ဒီအင်္ကျီကို ဘောင်ခတ်ပြီးသိမ်းထားမယ်လို့ လည်းပြောခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် အင်တာမီလန်အသင်းကို ၂ မှတ်အသာနဲ့ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို