Uncategorized

ရိုးမားက ထွက်ခွာချိန်မှာ ကစားသမားတွေပေးခဲ့တဲ့ လက်ဆောင်ကိုထားခဲ့တဲ့ မော်ရင်ဟို

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့လက ရိုးမားအသင်းကနေ ထွက်ခွာခဲ့ရချိန်မှာ ရိုးမားကစားသမားတွေ သူ့ကိုပေးခဲ့တဲ့ လက်ဆောင်ကိုထားပြီး ထွက်ခွာခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ သူ့ကို ရိုးမားကစားသမားတွေ သစ္စာဖောက်ခဲ့တယ်လို့ ခံစားခဲ့ရတာကြောင့် ထွက်ခွာချိန်မှာ သူတို့ပေးခဲ့တဲ့လက်ဆောင်ကိုပါထားခဲ့တာပါ။မော်ရင်ဟိုဟာ ရိုးမားအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးရာသီမှာ ကွန်းဖရန့်လိဂ်ဖလားရယူပေးနိုင်ခဲ့တာကြောင့် ကစားသမားတွေဟာ သူ့ကို လက်စွပ်တစ်ကွင်းလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီအစပိုင်းမှာ ရိုးမားအသင်းရလဒ်ဆိုးတွေနဲ့ မော်ရင်ဟိုလည်း ထုတ်ပယ်ခံခဲ့ရတာပါ။ရိုးမားအသင်းဟာ မော်ရင်ဟိုကို ထုတ်ပယ်ပြီးနာရီပိုင်းအကြာမှာ ဒီရော့စီကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုကတော့ ကစားသမားတွေရဲ့သစ္စာဖောက်မှုကြောင့် သူ့အလုပ်ဆုံးရှုံးသွားခဲ့ရတယ်လို့ ခံစားခဲ့ရတာပါ။

ရိုးမားအသင်းဟာ လက်ရှိအချိန်မှာတော့ ယာယီနည်းပြ ဒီရော့စီလက်ထက်မှာ ၃ ပွဲစလုံးနိုင်ပွဲရယူနိုင်ခဲ့ပြီး စီးရီးအေအဆင့် ၅ နေရာမှာရပ်တည်နေကာ အဆင့် ၄ နေရာက အတ္တလန္တာအသင်းနဲ့ ၁ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol