Serie A

ယူရို ၂၅ သန်းရရင် ချီယေဆာကို ရောင်းချဖို့စီစဉ်နေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ချီယေဆာကို ယူရို ၂၅ သန်းရရင် ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

ROME, ITALY – MAY 15: Federico Chiesa of Juventus celebrates the victory with the trophy after the Coppa Italia final match between Atalanta BC and Juventus FC at Olimpico Stadium on May 15, 2024 in Rome, Italy. (Photo by Daniele Badolato – Juventus FC/Juventus FC via Getty Images)

ချီယေဆာဟာ နည်းပြသစ် သီယာဂိုမော့တာရဲ့ပရောဂျက်အသစ်မှာ မပါဝင်တာကြောင့် ဂျူဗင်တပ်စ်အသင်းဟာ သူ့ကို ရောင်းချဖို့ စီစဉ်နေတာပါ။ဂျူဗင်တပ်စ်အသင်းနဲ့ ချီယေဆာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် အီတလီကလပ်ဟာ သူ့ကို ရောင်းချဖို့ ဦးစားပေးလုပ်ဆောင်ဖို့ ရှိနေတာဖြစ်ပါတယ်။

၂၀၂၀ က ဖီအိုရင်တီးနားအသင်းကနေ ကနဦးအငှားနဲ့ ရောက်ရှိလာပြီး ၂၀၂၂ ခုနှစ်မှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ ချီယေဆာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၁၃၁ ပွဲကစားထားပြီး ၃၂ ဂိုးသွင်းယူကာ ကိုပါအီတလီယာဖလား ၂ ကြိမ်နဲ့ အီတလီစူပါဖလား ၁ ကြိမ်ရရှိထားပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ တောင်ပံကစားသမားသစ်အဖြစ် ခေါ်ယူဖို့ စာရင်းပြုစုထားတဲ့သူတွေထဲမှာ ဆန်ချိုလည်း ပါဝင်နေတာပါ။ယူနိုက်တက်အသင်းဟာ ဆန်ချိုကို အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်ထားတာကြောင့် ဂျူဗင်တပ်စ်အသင်းအနေနဲ့ အင်္ဂလန်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။