မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်တစ်နှစ်တာနဲ့ လိဂ်မန်နေဂျာများအစည်းအရုံးကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ၃ နှစ်ဆက်တိုက် ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီးနောက် အခုလိုဆု ၂ ဆုကို ရယူနိုင်ခဲ့တာပါ။ စပိန်လူမျိုးနည်းပြဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လအလိုက်အကောင်းဆုံးဆုတွေကို မရယူနိုင်ခဲ့ပေမယ့် ရာသီကုန်ချိန်မှ အကောင်းဆံုံးဆုတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ၄ ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး လိဂ်မန်နေဂျာများအစည်းအရုံးကပေးတဲ့ဆုကိုတော့ ၃ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ဒီဆု ၂ ဆုစလုံးကို ၂၀၂၁ နောက်ပိုင်းမှ ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ခဲ့တာပါ။ဂွာဒီယိုလာကတော့ ဒီဆုကို ရယူနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပြီး ဂုဏ်လည်း ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ဒီရာသီမှာ မန်စီးတီးအသင်းကို ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီး အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း ရောက်ရှိနေတာကြောင့် ဆုဖလား ၃ လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေတာပါ။မန်စီးတီးအသင်းဟာ စနေနေ့မှာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။