Premier League

အဲရစ်တန်ဟတ်က ဂိုးဖမ်းခိုင်းမယ်ဆိုရင်တောင် ဂိုးဖမ်းသွားမယ်လို့ ပြောခဲ့တဲ့ အမ်ရာဘတ်

ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းကစားသမားဘ၀ အိမ်ကွင်းပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ အမ်ရာဘတ်က နည်းပြ အဲရစ်တန်ဟတ်လိုအပ်တဲ့နေရာမှာ ကစားသွားမှာဖြစ်ပြီး ဂိုးဖမ်းခိုင်းရင်တောင် ဖမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။

အမ်ရာဘတ်ဟာ ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဘယ်နောက်ခံလူအဖြစ် စတင်ကစားခဲ့ရပြီး နောက်ပိုင်းမှ ကွင်းလယ်နေရာမှာ ကတ်စမဲရိုးနဲ့အတွဲညီစွာ ကစားခဲ့ရတာပါ။အမ်ရာဘတ်ဟာ ပဲလေ့စ်အသင်းနဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အမ်ရာဘတ်က “ပြီးပြည့်စုံတဲ့ညလို့ထင်ပါတယ်။ဒီလိုအခိုက်အတန့်မျိုးဖြစ်ဖို့ကို ကျွန်တော့်ကစားသမားဘဝတစ်လျှောက်၊ ကျွန်တော့်တစ်ဘဝလုံးအလုပ်လုပ်ခဲ့ရတာပါ။ကျွန်တော်ဟာ နည်းပြလိုအပ်တဲ့နေရာမှာ ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။ဂိုးသမားနေရာမှာ ကစားရမယ်ဆိုရင်လည်း ကစားသွားမှာဖြစ်ပြီး ဘယ်နေရာမှာကစားကစား အသင်းကို ကူညီပေးသွားမှာပါ”

“ကျွန်တော်ဟာ အကောင်းဆုံးပုံစံမရသေးပါဘူး။ကျွန်တော်ဟာ ဒဏ်ရာရနေလို့ ရာသီကြိုမှာ အကောင်းဆုံးမလုပ်ခဲ့ရပေမယ့် လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်။ကျွန်တော်တို့ဟာ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာ ရှင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမ်ရာဘတ်ဟာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ထပ်ပြီးပါဝင်လာဖွယ်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ