Premier League

နောက်ကျောဒဏ်ရာမပြင်းထန်လို့ ဘုန်းမောက်နဲ့ ပွဲမှာ အာဆင်နယ်အတွက် ပြန်ပါလာဖွယ်ရှိတဲ့ ဒီကလန်ရိုက်စ်

စပါးအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ နောက်ကျောဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ်အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ရဲ့ဒဏ်ရာအခြေအနေဟာ မပြင်းထန်ဘူးလို့ စမ်းသပ်စစ်ဆေးမှုတွေအရ သိရပါတယ်။

အဲ့ဒါကြောင့် ဒီကလန်ရိုက်စ်ဟာ ဘရန်ဖိုဒ့်အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလားပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်မှာမဟုတ်ပေမယ့် ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေတာပါ။ဒါပေမယ့် သတင်းအချို့မှာတော့ ဒီကလန်ရိုက်စ်ဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှသာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖွယ်ရှိနေတယ်လို့ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ပေါင်သန်း ၁၀၀ နဲ့ ဝက်စ်ဟမ်းအသင်းကနေ ရောက်ရှိလာတဲ့ ဒီကလန်ရိုက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲတိုင်းပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ကာ ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်း ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့ ပွဲမှာ သရေကျခဲ့တာကြောင့် ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၄ မှတ်ကွာဟနေခဲ့ပြီး ပရီးမီးယားလိဂ်အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ဒီနှစ်သင်းဟာ အောက်တိုဘာ ၈ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ