လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က တိုက်စစ်မှူး ဆာလတ်ကိုရောင်းချသွားမှာမဟုတ်ဘူးလို့ သူ့ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းကို ပြောလိုက်ပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ ဆာလတ်ကို ခေါ်ယူနိုင်ဖို့ နောက်ထပ်တစ်ကြိမ်ကြိုးပမ်းလာပြီး အယ်လ်နာဆာအသင်းမှာ စီရော်နယ်ဒိုရနေတဲ့ လုပ်ခလစာပါပေးပြီး ကမ်းလှမ်းဖို့ အထိစီစဉ်နေတာပါ။ဒါပေမယ့် လီဗာပူးလ်အသင်းနည်းပြကလောပ့်ကတော့ ဆာလတ်ကို ရောင်းချသွားမှာမဟုတ်ဘဲ သူက ဒီမှာဆက်ရှိမှာလို့ ပြောခဲ့ပါတယ်။

ကလောပ့်က “ဆာလတ်အတွက် ကျွန်တော်တို့မှာ ကမ်းလှမ်းမှုမရှိသေးပါဘူး။ဆာလတ်က လီဗာပူးလ်ကစားသမားပါ။ကမ်းလှမ်းမှုမရှိသေးသလို၊ရှိလာရင်လည်း ရောင်းချမှာမဟုတ်ပါဘူး။ဆာလတ်က လီဗာပူးလ်မှာ ၁၀၀ ရာခိုင်နှုန်းဆက်ရှိမှာပါ”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ အဓိက ကစားသမားအများအပြားကို ဆုံးရှုံးခဲ့ရတာကြောင့် ဆာလတ်ကို ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့တာပါ။ဒါ့အပြင် အပြောင်းအရွှေ့ပိတ်ဖို့ကလည်း ရက်ပိုင်းသာကျန်တော့တာကြောင့် အစားထိုးဖို့ ခက်ခဲနိုင်မယ့်အခြေအနေတွေရှိလာနိုင်တဲ့အတွက် လီဗာပူးလ်အသင်းဟာ ဆာလတ်ကို လုံးဝမရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။