Premier League

ဖူလ်ဟမ်နဲ့ပွဲက စပါးရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်ကို ပိုစတီကိုဂလူးဝေဖန်

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အသင်းရဲ့ဒုတိယပိုင်းကစားပုံဟာ အလွန်စိတ်ပျက်ဖို့ ကောင်းတယ်လို့ ပြောလိုက်ပါတယ်။

စပါးအသင်းဟာ ဆွန်ဟောင်မင်၊ မက်ဒီဆင်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ၂ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ၉ ပွဲကစားအပြီးမှာ ရမှတ် ၂၃ မှတ်အထိရရှိထားတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် နည်းပြ ပိုစတီကိုဂလူးအတွက်တော့ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံး ၉ ပွဲကစားအပြီး ရမှတ်အများဆုံးရယူနိုင်ခဲ့တဲ့နည်းပြအဖြစ် စံချိန်ရေးထိုးနိုင်ခဲ့ပါတယ်။ပိုစတီကိုဂလူးဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့လို့ ကျေနပ်ပေမယ့် ဒုတိယပိုင်းကစားပုံကိုတော့ စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

Soccer Football – Premier League – Tottenham Hotspur v Fulham – Tottenham Hotspur Stadium, London, Britain – October 23, 2023 Tottenham Hotspur’s Son Heung-min celebrates scoring their first goal with teammates REUTERS/David Klein

ပိုစတီကိုဂလူးက “ဒုတိယပိုင်းမှာ ကျွန်တော်တို့ဟာ ဘောလုံးတွေကို ဖြုန်းတီးခဲ့ပြီး အဝေးတွေကို ပေးခဲ့ပါတယ်။လုပ်အားနှုန်းကောင်းမွန်တဲ့အရာက အပေါင်းလက္ခဏာဆောင်တဲ့အရာအဖြစ်ရှိပါတယ်။ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ဟာ ဘောလုံးနဲ့အတူ ကောင်းမွန်တဲ့အဆင့်မှာ ရှိမနေဘဲ ဘောလုံးနဲ့ရှိတဲ့ အဆိုးရွားဆုံး ၄၅ မိနစ်တောင်ဖြစ်နိုင်တယ်”လို့ ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ