Premier League

အနီကတ်ထိခဲ့လို့ အာဆင်နယ်နဲ့ပွဲလွဲမယ့် ရိုဒရီကို ဒေါသထွက်နေတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ရိုဒရီကို ဒေါသထွက်နေခဲ့ပါတယ်။

မန်စီးတီးအသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရိုဒရီဟာ သူ့ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ ဝုလ်ဗ်စ်အသင်းတိုက်စစ်ကစားသမား ဂစ်ဘ်ဝှိုက်စ်ရဲ့လည်ပင်းကို လက်နဲ့ဆုပ်ကိုင်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ရိုဒရီဟာ အနီကတ်ကြောင့် ၃ ပွဲပယ်ခံရမှာဖြစ်တဲ့အတွက် အာဆင်နယ်အသင်းနဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ဂွာဒီယိုလာကတော့ ဒီပွဲမှာ ကစားသမား ၁၀ ဦးကို အဝါကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာကိုလည်း ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

ဂွာဒီယိုလာက “ရိုဒရီက ဒီအဖြစ်အပျက်ကနေ သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။သူကိုယ်တိုင်နဲ့ သူစိတ်ခံစားမှုတွေကို ထိန်းချုပ်ရပါမယ်။ကျွန်တော်က အဝါကတ်ကို ရယူလို့ရပေမယ့် ရိုဒရီကတော့ ဒီလိုရလို့မရပါဘူး။ကျွန်တော်က ကစားရမယ့်သူမဟုတ်ပါဘူး။အဲ့ဒါကြောင့် ကွင်းထဲမှာ ရှိတဲ့သူတွေက ဒါကို ဂရုစိုက်ရပါမယ်”

Manchester City’s Rodri (third left) is shown a red card by referee Anthony Taylor (left) for violent decent during the Premier League match at the Etihad Stadium, Manchester. Picture date: Saturday September 23, 2023.

“ကျွန်တော်ဟာ ၁၀ ဦးနဲ့ ကစားရတာကို မကြိုက်နှစ်သက်တဲ့အတွက် ဒါကို ဒေါသထွက်ပါတယ်။ကျွန်တော်ဟာ ပထမပိုင်းအပြီးမှာထဲက ကစားသမားတွေကို သတိထားဖို့ ပြောခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ထောက်ချောက်ထဲကို ကျသွားခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ