Premier League

ဘန်လေနဲ့ ပွဲက MOTM ဆုကို ဂျွန်နီအီဗန်စ်ထံ ပေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဘန်လေအသင်းကို ယူနိုက်တက်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အကောင်းဆုံးကစားသမားဆုကို အသင်းဖော်နောက်ခံလူ ဂျွန်နီအီဗန်စ်ကို ပေးခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်ရဲ့ကောင်းမွန်တဲ့ဖန်တီးပေးမှုကို လှပတဲ့ကန်သွင်းချက်နဲ့ အဆုံးသတ်ပြီး ၃ ပွဲဆက်တိုက်အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်အသင်းကို နိုင်ပွဲပြန်လည်ရှာဖွေပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ရခဲ့ပေမယ့် ဂျွန်နီအီဗန်စ်က ပိုထိုက်တန်တယ်ဆိုပြီး ဒီဆုကို ပေးခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ အသင်းဟောင်း ယူနိုက်တက်အသင်းထံ တစ်နှစ်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဂျွန်နီအီဗန်စ်ဟာ နှစ်ပေါင်းများစွာကြာဝေးကွာနေတဲ့ အသင်းဟောင်းအတွက် ပွဲထွက်ခွင့်ရတဲ့ပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဂျွန်နီအီဗန်စ်ဟာ ယူနိုက်တက်အတွက် ၁ ဂိုးသွင်းယူခဲ့ပေမယ့် ပယ်ဖျက်ခံခဲ့ရတာကြောင့် နစ်နာခဲ့ရတာပါ။

ဂျွန်နီအီဗန်စ်က “မိနစ်တိုင်းကို ချစ်တယ်။ဒီပွဲက ကျွန်တော့်အတွက် ယူနိုက်တက်ကစားသမားဘဝပွဲပေါင်း ၂၀၀ ပြည့်တဲ့ပွဲပါ။ဒီလိုကိန်းဂဏန်းကို ရောက်မယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးပေမယ့် ဒါက ကျွန်တော့်ဘဝရဲ့အကောင်းဆုံးညပါ”လို့ ဆိုခဲ့ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ကလည်း ဂျွန်နီအီဗန်စ်ရဲ့စွမ်းဆောင်ရည်ကောင်းတွေကို ပွဲအပြီးမှာ ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ပဲလေ့စ်အသင်းနဲ့ ကာရာဘောင်းဖလား ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျွန်နီအီဗန်စ်ဟာ ဒီပွဲမှာ အသင်းအတွက် ဆက်လက်ပွဲထွက်ခွင့်ရဖွယ်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ