Premier League

Stop Watch နဲ့တောင် ကစားရလိမ့်မယ်လို့ပဲလေ့စ်နဲ့ပွဲအပြီး ပြောခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက နောက်ခံလူ တိုမီယာဆု အချိန်ဆွဲကစားတယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက အဝါကတ်ပြသတဲ့အပေါ် စိတ်ပျက်နေပြီး Stop Watch နဲ့တောင် ကစားရမယ်လို့ ပြောလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပဲလေ့စ်အသင်းကို အိုဒီဂတ်ရဲ့သွင်းဂိုးနဲ့ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တာပါ။ဒီပွဲမှာ တိုမီယာဆုဟာ လက်ပစ်ဘောမြှောက်ဖို့ အချိန်ဆွဲတဲ့အတွက် အဝါကတ်ပြသခံခဲ့ရပြီး သိပ်မကြာခင် ဂျော်ဒန်အာယူးကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

အာတီတာက “တိုမီယာဆုရဲ့လက်ပစ်ဘောက ၂၃ စက္ကန့်ကြာတယ်လို့ ပြောရင် မဟုတ်ဘူးလို့ ပြောရမှာပါ။ကျွန်တော်ကတော့ ၈ စက္ကန့်ပဲကြာတယ်လို့ ထင်ပါတယ်။ကျွန်တော်တို့ဟာ ဒီအတွက် Stop Watch နဲ့ ကစားရကောင်းကစားရမှာဖြစ်ပေမယ့် အနိုင်ရခဲ့တဲ့အတွက် ကျွန်တော်ပျော်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းနောက်ခံလူ ကာရေဂါကတော့ တိုမီယာဆုဟာ အချိန်ဆွဲတယ်လို့ မထင်ဘဲ သူဟာ လက်ပစ်ဘောမြှောက်ဖို့အတွက် ပြေးခဲ့တာပါလို့ ပြောခဲ့တာပါ။အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အချိန်ဆွဲကစားတာနဲ့ စောဒကတက်တာတွေပြုလုပ်ရင် ဒိုင်လူကြီးတွေအနေနဲ့ အဝါကတ်ပြသဖို့ ညွှန်ကြားခံထားရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ