Premier League

လီဗာပူးလ်ကို အနိုင်ရတဲ့ပွဲမှာ အာဆင်နယ်အတွက် ၁၀ ဂိုးသွင်းပေးခဲ့တဲ့ အိုဘီမာတင်

အာဆင်နယ်အသင်းဆယ်ကျော်သက်ကစားသမား အိုဘီမာတင်ဟာ အာဆင်နယ်ယူ-၁၆ အသင်းက လီဗာပူးလ်ယူ-၁၆ အသင်းကို အနိုင်ရတဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက်တစ်ဦးတည်း ၁၀ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို ၁၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ အိုဘီမာတင်ဟာ ဒီရာသီမှာ အာဆင်နယ်ယူ-၁၈၊ ယူ-၁၉ နဲ့ ယူ-၂၁ အသင်းတွေမှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။အိုဘီမာတင်ဟာ လာမယ့်ရာသီအတွက် အာဆင်နယ်အသင်းနဲ့ ပညာသင်ဆုချုပ်ဆိုထားပြီး ပထမအသင်းကြီးနဲ့ လေ့ကျင့်မှုတွေပြုလုပ်ထားခဲ့တာပါ။

အိုဘီမာတင်ဟာ အန်ဝါနာရီပြီးနောက် နည်းပြ အာတီတာက အသင်းကြီးလူစာရင်းထံ ခေါ်ယူခံရဖို့ မျက်စိကျလာနိုင်တဲ့ ကစားသမားဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။အိုဘီမာတင်ဟာ အခုအချိန်မှာ အသင်းကြီးလူစာရင်းထံ ပါဝင်နိုင်ဖို့ မရှိသေးပေမယ့် အနာဂတ်မှာတော့ အာဆင်နယ်အသင်းကြီးအတွက် ပါဝင်ကစားရဖို့ ရှိနေတာပါ။

အိုဘီမာတင်ဟာ ဒီရာသီ ဆောက်သမ်တန်ယူ-၁၈ အသင်းနဲ့ ပွဲစဉ်မှာလည်း အာဆင်နယ်ယူ-၁၈ အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူထားတာဖြစ်ပါတယ်။အိုဘီမာတင်ဟာ လာမယ့်အပတ်မှာ ကစားမယ့် ယူ-၂၁ ၊ ယူ-၁၉ အသင်းတွေရဲ့ပွဲစဉ်တွေမှာ အာဆင်နယ်လူငယ်အသင်းတွေအတွက် ပါဝင်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ