Premier League

ရစ်ချာလီဆန်ကို အသင်းခေါင်းဆောင်စိတ်ဓါတ်ပြသပေးခဲ့တဲ့ ဆွန်ဟောင်မင်

ဂိုးပေါက်ပျောက်ဆုံးနေခဲ့လို့ စိတ်ပညာရှင်ဆီကနေ စိတ်ပိုင်းဆိုင်ရာကုသမှုပါခံယူနေရတဲ့ ရစ်ချာလီဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ စပါးအသင်းအတွက် ဂိုးသွင်းပြီး ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်ခဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့တာကြောင့် လူစားလဲခံရချိန် အရန်ခုံတန်းပေါ်မှာ ငိုကြွေးတဲ့အထိ ဖြစ်ခဲ့တာပါ။ဒါပေမယ့် ဘရာဇီးလ်တိုက်စစ်မှူးဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲမှာ စပါးအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီးကူလူဆက်ဗ်စကီး သွင်းယူတဲ့ အနိုင်ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကတော့ ဒီပွဲအပြီးမှာ အသင်းဖော် ရစ်ချာလီဆန်အပေါ် အသင်းခေါင်းစိတ်ဓါတ်ပြသပေးသွားခဲ့တာပါ။ ဆွန်ဟောင်မင်က “ရစ်ချာလီဆန် ဂိုးသွင်းတာကို မြင်တွေ့ရတာက ကျွန်တော်ဂိုးသွင်းတာထက်တောင် ပိုပြီးကောင်းတဲ့ခံစားမှုတွေရှိခဲ့ပါတယ်။ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့အပတ်က အခက်အခဲတွေရှိခဲ့ပါတယ်”

“အဲ့ဒါကြောင့်သူ့ကို ဘယ်လိုကူညီရမလဲလို့ ကျွန်တော်စဉ်းစားနေခဲ့တာပါ။ရစ်ချာလီဆန်ဟာ အရည်အချင်းရှိတဲ့သူငယ်ချင်းဖြစ်ပြီး ကံဆိုးတာနဲ့ တခြားအကြောင်းအရာတွေကြောင့် သူ့ကိုယ်သူ အပြစ်တင်မိတာက ကံမကောင်းပါဘူး။ကျွန်တော်လည်း ဒီလိုပဲ တူညီတဲ့အခက်အခဲတွေကြုံတွေ့ခဲ့ရလို ဘယ်လိုခံစားရလဲဆိုတာ သိပါတယ်”

“သူဟာ အခုဂိုးလည်းသွင်းနိုင်ခဲ့တဲ့အတွက် ဒီပွဲအပြီးမှာ ပိုပြီးသန်မာလာမယ်လို့ ကျွန်တော်မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။စပါးအသင်းဟာ နည်းပြပိုစတီကိုဂလူးလက်ထက်မှာ ပရီးမီးယားလိဂ် ၅ ပွဲကစားအပြီး ၄ ပွဲနိုင် ၁ ပွဲသရေနဲ့ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ