Premier League

ဝုလ်ဗ်စ်နဲ့ ပွဲအတွက် ပြုလုပ်ခဲ့တဲ့ လီဗာပူးလ်ရဲ့လေ့ကျင့်ရေးကို ကစားသမား ၄ ဦးအထိလွဲချော်

လီဗာပူးလ်အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး ပထမဆုံးပွဲစဉ်အဖြစ်ပြန်ကစားမယ့် ဝုလ်ဗ်စ်အသင်းနဲ့ ပွဲအတွက် ကြာသပေတေးနေ့က လေ့ကျင့်မှုတွေကို စတင်နေခဲ့ပြီး ဒီအစီအစဉ်ကိုကစားသမား ၄ ဦးအထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အာနိုးလ်၊သီယာဂို၊ကိုနာတေးနဲ့ ဒါဝင်နူနက်ဇ်တို့ဟာ ဒီအစဉ်ကို လွဲချော်ခဲ့တာပါ။အာနိုးလ်ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိထားပြီး အင်္ဂလန်အသင်းရဲ့လူစာရင်းကနေတောင် နုတ်ထွက်ခဲ့ရပါတယ်။

ဒါဝင်နူနက်ဇ်ဟာ ဥရုဂွေးအသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေသွားရောက်ယှဉ်ပြိုင်ချိန်မှာ ကြွက်သားနာကျင်မှုတွေကို ခံစားခဲ့ရပြီး ကိုနာတေးကတော့ ပေါင်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့တာပါ။သီယာဂိုကတော့ သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကို ကောင်းမွန်အောင်လုပ်ဆောင်နေခဲ့လို့ ဝုလ်ဗ်စ်နဲ့ ပွဲကိုလည်း လွဲချော်မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အခုနှစ်ရာသီအစပိုင်းမှာ ရလဒ်ကောင်းနေပြီး ပရီးမီးယားလိဂ် ၄ ပွဲကစားအပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေရရှိထားပြီး လာမယ့်ဝုလ်ဗ်စ်အသင်းနဲ့ ပွဲမှာလည်း ရှုံးပွဲမရှိမှတ်တမ်းကောင်းကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ