Premier League

ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ဖူလ်ဟမ်နဲ့ ပယ်လ်ဟင်ညာစာချုပ်သစ်ချုပ်

ဖူလ်ဟမ်အသင်းကွင်းလယ်လူ ပယ်လ်ဟင်ညာဟာ အသင်းမှာ ၂၀၂၈ ခုနှစ်အထိရှိမယ့် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ဖူလ်ဟမ်နဲ့ အရင်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသေးပေမယ့် ၁ နှစ်သက်တမ်းထပ်ပြီးတိုးခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့က ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး ဆေးစစ်မှုတွေပါခံယူခဲ့ပေမယ့် ဖူလ်ဟမ်အသင်းနဲ့ ပြောင်းရွှေ့ကြေး အဆင်မပြေတာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပယ်လ်ဟင်ညာကို ဘိုင်ယန်မြူးနစ်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးစားဖို့ ရှိနေပေမယ့် ဖူလ်ဟမ်အသင်းနဲ့ စာချုပ်သစ်ချုပ်လိုက်တာကြောင့် ဂျာမန်ကလပ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာဖို့ ရှိနေပါတယ်။

ပယ်လ်ဟင်ညာကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေအများအပြားထွက်ပေါ်ခဲ့ပေမယ့် သူကတော့ ဖူလ်ဟမ်အသင်းနဲ့ စာချုပ်သစ်ချုပ်ပြီး ကတိကဝတ်တွေကို ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ်က စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပယ်လ်ဟင်ညာဟာ ဖူလ်ဟမ်အသင်းအတွက် (၄၃)ပွဲပါဝင်ကစားထားပြီး (၅)ဂိုးသွင်းယူထားပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ