Premier League

ယူနိုက်တက်အတွက် ပွဲတွေအများကြီးကစားပေးရတော့မယ်လို့ ဆိုခဲ့တဲ့ မက်ဂွဲယား

ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးနေတဲ့ နောက်ခံလူ မက်ဂွဲယားက သူအသင်းအတွက် ပွဲတွေအများကြီးကစားပေးရတော့မယ်ဆိုတာ သိတယ်လို့ ပြောလိုက်ပါတယ်။

မက်ဂွဲယားဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှသာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ရတာပါ။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မက်ဂွဲယားကို ရောင်းချဖို့ ရှိခဲ့ပေမယ့် နောက်ခံလူတွေရဲ့ဒဏ်ရာကြောငိ့ ဆုံးဖြတ်ချက်ပြန်ပြောင်းခဲ့ရတာဖြစ်ပါတယ်။

မက်ဂွဲယားက “ကျွန်တော်ကလပ်အသင်းအတွက် ပွဲကစားခွင့်တွေရချင်ပါတယ်။လက်ရှိအချိန်မှာ ပထမ ၄ ပတ်က ကျနော့်အတွက် ခက်ခဲခဲ့ပြီး ၁ ပွဲပဲကစားခဲ့ရပါတယ်။နည်းပြကလည်း ကျွန်တော့်ကို မရွေးချယ်ခဲ့ပါဘူး။အခု ကျွန်တော်တို့ဟာ ပွဲတွေအများကြီးကစားရတော့မှာပါ။အဲ့ဒါကြောင့် ကျွန်တော် ပွဲတွေအများကြီးကစားရမယ်ဆိုတာ သေချာတယ်”လို့ဆိုခဲ့ပါတယ်။

MANCHESTER, ENGLAND – SEPTEMBER 04: Harry Maguire of Manchester United interacts with Aaron Ramsdale of Arsenal prior to the Premier League match between Manchester United and Arsenal FC at Old Trafford on September 04, 2022 in Manchester, England. (Photo by Michael Regan/Getty Images)

ယူနိုက်တက်အသင်းဟာ ဗာရန်းဒဏ်ရာကြောင့် လင်ဒီလော့ဖ်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုနေပေမယ့် လီဆန်ဒရိုမာတီနက်ဇ်ကြံ့ခိုင်မှုမပြည့်ဝရင်တော့ မက်ဂွဲယားကို ဘရိုက်တန်အသင်းနဲ့ပွဲမှာ ပွဲထွက်အသုံးပြုလာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ