Premier League

စက်တင်ဘာလ EPL တစ်လတာအကောင်းဆုံးဆုကို ရရှိခဲ့တဲ့ ပိုစတီကိုဂလူးနဲ့ ဆွန်ဟောင်မင်

ပရီးမီးယားလိဂ်ဟာ စက်တင်ဘာလအတွက်အကောင်းဆုံးဆုတွေကို ကြေညာခဲ့ရာမှာ အကောင်းဆုံးနည်းပြဆုကို စပါးအသင်းနည်းပြ ပိုစတီကိုဂလူးနဲ့ အကောင်းဆုံးကစားသမားဆုကို စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်တို့က ရရှိသွားခဲ့ပါတယ်။

ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့သြဂုတ်လကလည်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိထားတာကြောင့် ၂ လဆက်တိုက်ဒီဆုကို သိမ်းပိုက်နိုင်ခဲ့တာပါ။ဆွန်ဟောင်မင်ကလည်း ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အသင်းရလဒ်ကောင်းတွေရရှိအောင် သွင်းဂိုးတွေနဲ့ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် အခုလို စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်အတွက်တော့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို အခုတစ်ကြိမ်အပါအဝင် ၄ ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး အွန်နရီ၊ ပေါလ်စခိုးလ်၊ အလန်ရှီးယားတို့နဲ့ အရေအတွက်ချင်းတူညီသွားခဲ့တာပါ။

စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိအကောင်းဆုံးပုံစံရရှိနေပြီး ပွဲစဉ် ၈ ပွဲကစားအပြီးမှာ ရှုံးပွဲမရှိ ရမှတ် ၂၀ ရရှိကာ အာဆင်နယ်အသင်းနဲ့ ရမှတ်တူဂိုးကွာခြားချက်ကြောင့် အဆင့် ၁ နေရာမှာ ဦးဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ