Uncategorized

၀က်စ်ဟမ်းအသင်းကို ဂိုးအလှူသွင်းခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပွဲအစပိုင်းမှာသာ အာဆင်နယ်အသင်းကို ဖိအားပေးနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ အာဆင်နယ်အသင်းကပဲ ဂိုးရဖို့ ဆက်တိုက်ဖိအားပေးပြီး ကစားခဲ့တာပါ။အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ပထမပိုင်းအတွင်းမှာ သွင်းဂိုး ၄ ဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာ အာဆင်နယ်အသင်းအတွက်ဂိုးတွေကို ဆာလီဘာ၊ဆာကာ၊ ဂါဘရီရယ်လ်နဲ့ ထရော့ဆာဒ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ဖိအားပေးတိုက်စစ်ဆင်ခဲ့လို့ နောက်ထပ် ၂ ဂိုးထပ်ရခဲ့ပါတယ်။ဒီဂိုးတွေကို ဆာကာနဲ့ ဒီကလန်ရိုက်စ်က သွင်းယူခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ အဓိက ကစားသမားတွေကို အနားပေးပြီး ပွဲကို အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဆာကာဟာ အာဆင်နယ်အသင်းကစားသမားဘ၀ သွင်းဂိုး ၅၁ ဂိုးအထိရှိသွားခဲ့ပြီဖြစ်တာပါ။

အာဆင်နယ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် အဆင့် ၃ နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ကို ဆက်ပြီးဖိအားပေးနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol