မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ အာဆင်နယ်အသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ မန်စီးတီးအသင်းနောက်ခံလူ ဝေါလ်ကာ၊ တိုက်စစ်မှူး ဟာလန်းတို့ အချင်းများမှုတွေဖြစ်ခဲ့ပါတယ်။

ပွဲသိမ်းခရာမှုတ်အပြီးမှာ ဝေါလ်ကာနဲ့ ဟာလန်းတို့ဟာ အာဆင်နယ်အသင်းတည်ကန်ဘောနည်းပြ ယိုဗာနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ယိုဗာဟာ အရင်က မန်စီးတီးအသင်းမှာ အလုပ်လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ဘာဖြစ်ခဲ့လဲဆိုတာ သိပေမယ့် ကျွန်တော်ပြောနေမှာမဟုတ်ပါဘူး။အာဆင်နယ်အသင်းသိပါတယ်”လို့ ပွဲအပြီးသတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။

မာတင်နယ်လီရဲ့သွင်းဂိုးနဲ့ အာဆင်နယ်အသင်းက ၂၀၁၅ နောက်ပိုင်း မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဝေါလ်ကာဟာ ဥမင်ဆီသွားအပြီး ပြန်လှည့်ကာ ယိုဗာနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ဟာလန်းကပါ ဒီအထဲပါဝင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာ သူတို့တွေကို သီးခြားခွဲထုတ်ခဲ့ရတာပါ။
— Dondee (@DonFidey) October 8, 2023
ယိုဗာဟာ အာဆင်နယ်အသင်းထံ မပြောင်းရွှေ့ခင် မန်စီးတီးအသင်းမှာ ၂၀၁၉ ကနေ ၂၀၂၁ အထိလုပ်ကိုင်ခဲ့ပြီး အဲ့ဒီနောက်မှာ အာတီတာရဲ့နည်းပြအဖွဲ့ဝင်ထဲ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။