Uncategorized

အိုင်ဗန်တိုနေးကို နွေရာသီမှာ ရောင်းချနိုင်တယ်လို့အတည်ပြုခဲ့တဲ့ သောမက်စ်ဖရန့်ခ်

အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေးကို နွေရာသီမှာ ရောင်းချနိုင်တယ်လို့ ဘရန်ဖိုဒ့်အသင်းနည်းပြ သောမက်စ်ဖရန့်ခ်က အတည်ပြုခဲ့ပါတယ်။

အိုင်ဗန်တိုနေးနဲ့ ဘရန်ဖိုဒ့်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၁ နှစ်သာကျန်ရှိတော့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ထိပ်သီးအသင်းတွေမှာ ကစားချင်တယ်လို့ ဝန်ခံထားခဲ့တာပါ။မကြာသေးခင်ကမှ ပွဲပယ်ပြစ်ဒဏ်ပြည့်သွားလို့ ဘရန်ဖိုဒ့်အသင်းအတွက် ပြန်ကစားနိုင်ခဲ့တဲ့ အိုင်ဗန်တိုနေးဟာ ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

သောမက်စ်ဖရန့်ခ်က”တိုနေးကို နွေရာသီမှာ ရောင်းချနိုင်တယ်ဆိုတာ သိသာပါတယ်။အကောင်းဆုံးကစားသမားကို ရောင်းချတာက ဈေးကြီးပေမယ့် တစ်ဖက်မှာပြန်ကြည့်ရင် သူ့ရဲ့စာချုပ်က ၁ နှစ်ပဲကျန်ရှိပါတော့တယ်။လက်ရှိအချိန် ကမ္ဘာပေါ်မှာ သူ့ထက်ပိုကောင်းတဲ့တိုက်စစ်မှူးတွေအများကြီးရှိမယ်လို့မထင်ပါဘူး”

“ကျနော်ဟာ နည်းပြတစ်ဦးအနေနဲ့ တိုနေးကို ဆက်ထိန်းထားချင်ပေမယ့် ထိပ်တန်းအသင်းမှာ သူကစားတာမြင်တွေ့ရရင် ပျော်ရွှင်ဖို့ကောင်းမှာပါ။ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ကမ်းလှမ်းမှုမရှိခဲ့ပေမယ့် သူ့ကိုစိတ်ဝင်စားတဲ့ကလပ်တွေအများကြီးမရှိရင်တော့ အံ့အားသင့်စရာကောင်းပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။

ဘရန်ဖိုဒ့်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol