စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ချယ်လ်ဆီးအသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် အသင်းသားတွေကို ဂုဏ်ယူတယ်လို့ ပြောလိုက်ပါတယ်။

စပါးအသင်းဟာ ဒီပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ခံလူ ရိုမဲရိုးတိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ပွဲအဖြေပြောင်းလဲသွားခဲ့သလို အူဒိုဂီ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံရပြီးနောက်မှာ ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။စပါးအသင်းဟာ ၂ ယောက်လျော့နဲ့ ကစားပေမယ့် ချယ်လ်ဆီးအသင်းကို ပိတ်မကစားဘဲ ဖွင့်တိုက်ကစားသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပွဲချိန်၇၅ မိနစ်နောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းကို ဆက်တိုက်ဂိုးတွေပေးခဲ့ရပြီး စပါးအသင်းကို ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲကြုံတွေ့စေခဲ့တာပါ။ပိုစတီကိုဂလူးကတော့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို အလွန်ဂုဏ်ယူနေတာဖြစ်ပါတယ်။

ပိုစတီကိုဂလူးက “ရလဒ်ကိုစိတ်ပျက်ပေမယ့် နောက်ဆုံးအချိန်ထိ အရာအားလုံးပေးခဲ့တဲ့ ကစားသမားတွေကို အလွန်ဂုဏ်ယူပါတယ်။ကျွန်တော်တို့ဟာ ချေပဂိုးတွေရဖို့ နီးစပ်ခဲ့တဲ့အထိ တိုက်ပွဲဝင်စိတ်ဓါတ်ပြသနိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။