Premier League

ဖူလ်ဟမ်နဲ့ပွဲက အကီရဲ့သွင်းဂိုးဟာ လူကျွံတယ်လို့ ဟောင်းဝက်ဝက်ဘ်ဆို

ဒိုင်လူကြီးများအကြီးအကဲ ဟောင်းဝက်ဝက်ဘ်က ဖူလ်ဟမ်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးအသင်းသွင်းယူခဲ့တဲ့ ဒုတိယဂိုးက လူကျွံခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဒီပွဲမှာ အကီခေါင်းတိုက်ဂိုးသွင်းယူချိန်မှာ အကန်ဂျီက လူကျွံပြီး ဖူလ်ဟမ်အသင်း ဂိုးသမား လီနိုကို အနှောက်အယှက်ပေးသလို ဖြစ်နေခဲ့တာပါ။ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR ဒိုင်တို့က အကီရဲ့ခေါင်းတိုက်ဂိုးဟာ အကန်ဂျီနဲ့ ထိခဲ့ခြင်းမရှိဘဲ ဂိုးဝင်ခဲ့သလို အကန်ဂျီဟာ လီနိုကို အနှောက်အယှက်မပေးခဲ့ဘူးဆိုပြီး ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားနဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းတို့က ဒီဂိုးဟာ လူကျွံခဲ့တယ်လို့ ပြောခဲ့ပြီးနောက် ဒိုင်အကြီးအကဲကပါ ဒိုင်ချုပ်လို့ ဝန်ခံလာခဲ့တာဖြစ်ပါတယ်။

ဟောင်းဝက်ဝက်ဘ်က “ဒါက ရှင်းလင်းတဲ့ လူကျွံဘောအခြေအနေပါ။အစကတည်းက ဒါကို ခွင့်မပြုခဲ့သင့်ဘူးလို့ထင်ပါတယ်။ အကန်ဂျီဟာ တုံ့ဆိုင်းနေပုံပေါ်နေတဲ့ ဂိုးသမားအပေါ် သက်ရောက်မှုရှိတယ်”လို့ ပြောခဲ့တာပါ။

အကီရဲ့ဂိုးမဝင်ခင်အချိန်က မန်စီးတီးနဲ့ ဖူလ်ဟမ်အသင်းတို့ဟာ ၁ ဂိုးစီသရေကျနေပေမယ့် ဒီဂိုးခွင့်ပြုပြီးနောက်မှာ မန်စီးတီးအသင်းရဲ့သွင်းဂိုးအများအပြားကို ခွင့်ပြုခဲ့ရပြီး ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ