Premier League

ချယ်လ်ဆီးကနေ ထွက်ခွာတော့မှာဖြစ်လို့ ငိုကြွေးပြီးနှုတ်ဆက်ခဲ့တဲ့ အက်စ်ပီလီကွီတာ

ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်စ်ပီလီကွီတာဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

အဲ့ဒါကြောင့် အက်စ်ပီလီကွီတာဟာ (၁၁)နှစ်ကြာကစားခဲ့တဲ့ အသင်းကို နှုတ်ဆက်စကားပြောချိန်မှာ ငိုကြွေးနေခဲ့ပါတယ်။၂၀၁၂ ခုနှစ်က မာဆေးလ်ကနေ ရောက်ရှိလာခဲ့တဲ့ စပိန်နောက်ခံလူ အက်စ်ပီလီကွီတာဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၅၀၈)ပွဲပါဝင်ကစားပြီး (၁၇)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်အပါအဝင် ဆုဖလားပေါင်း(၉)လုံး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အက်စ်ပီလီကွီတာဟာ ချယ်လ်ဆီးအသင်းမှာ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့တာပါ။
အက်စ်ပီလီကွီတာဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်တစ်နှစ်ကျန်ရှိခဲ့ပေမယ့် အသင်းဘက်က သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းပေးပြီး ထွက်ခွာခွင့်ပေးခဲ့တာပါ။

စပိန်နောက်ခံလူဟာ အသလက်တီကိုမက်ဒရစ်အသင်းထံ ပြောင်းရွှေ့မှာဖြစ်ပြီး မကြာခင်မှာ စပိန်ကလပ်ကလည်း ဒီအပြောင်းအရွှေ့ကို ကြေညာသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

အက်စ်ပီလီကွီတာက “ကျွန်တော်ဘယ်လိုခံစားရတယ်ဆိုတာကို ဖော်ပြဖို့ခက်ပြီး မယုံနိုင်လောက်အောင်ပါပဲ။ ကျွန်တော်အရာအားလုံးကို ပေးခဲ့တယ်လို့ ခံစားရပြီး ဒါကို ချစ်ပါတယ်။ ချယ်လ်ဆီးက ကျွန်တော့်ရဲ့အိမ်ပါ၊ ဒီကို မတူညီတဲ့ အခန်းကဏ္ဍကနေ ပြန်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း”ငိုကြွေးပြီးပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ