Premier League

ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ သေချာသွားပြီးနောက် ရှာခါကို လက်လွှတ်ခဲ့တဲ့ အာဆင်နယ်

လေဗာကူဆင်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့အဓိက ပစ်မှတ်ဖြစ်တဲ့ ရှာခါကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ သဘောတူညီမှုအပြည့်အ၀ ရရှိသွားပြီလို့ ဖာဘရီဇီယိုရိုမန်နိုက ရေးသားခဲ့ပါတယ်။

ရှာခါရဲ့အပြောင်းအရွှေ့အတွက် မေလကတည်းက ကလပ်နှစ်သင်းကြား သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ သေချာသွားပြီးနောက် အပြောင်းအရွှေ့အတွက် မီးစိမ်းပြသခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ရှာခါရဲ့အပြောင်းအရွှေ့အတွက် ယူရို (၂၅)သန်း ရရှိမယ်လို့ သိရပါတယ်။

လေဗာကူဆင်အသင်းဟာ ရှာခါကို ၂၀၂၈ ခုနှစ် ဇွန်လအထိ (၅)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ အသက်(၃၀)အရွယ်ရှိ ရှာခါဟာ အာဆင်နယ်အသင်းကို ၂၀၁၆ ခုနှစ်က ဂျာမန်ကလပ် မိုချန်ဂလာဘတ်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း (၂၉၇)ပွဲပါဝင်ကစားကာ (၂၃)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်ကစားသမားဟာ အာဆင်နယ်အသင်းနဲ့အတူ FA ဖလား(၂)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း(၂)ကြိမ် ရယူနိုင်ခဲ့ပြီး မနှစ်ကရာသီက အသင်း ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ နီးစပ်တဲ့ အခြေအနေအထိရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ချယ်လ်ဆီးက ဟာဗတ်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဒီကလန်ရိုက်စ်နဲ့ တင်ဘာရဲ့အပြောင်းအရွှေ့ကို အပြီးသတ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ