Premier League

ယူနိုက်တက်ကစားသမားသစ်အဖြစ် အင်တာဗျူးပါ ပြုလုပ်ခဲ့ပြီးဖြစ်တဲ့ ဟော့ဂျ်လန်း

ဒိန်းမတ်လက်ရွေးစင်ကစားသမား ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် ကာရင်တန်မှာ ဆေးစစ်မှုပြုလုပ်ခဲ့ပြီးဖြစ်သလို အသင်းနဲ့ အင်တာဗျူးပါ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဟော့ဂျ်လန်းဟာ ဒီနေ့မှာ ယူနိုက်တက်အသင်းနဲ့ လက်မှတ်ရေးထိုးသွားမှာဖြစ်လို့ အပြောင်းအရွှေ့ကိုပါ ကြေညာသွားဖွယ်ရှိနေတာပါ။အတ္တလန်တာတိုက်စစ်မှူးဟာ အခုအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းထံ ရောက်ရှိလာမယ့် တတိယမြောက်ကစားသမားလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်းကို ပေါင် ၇၃ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်မယ်လို့ သိရပါတယ်။ဟော့ဂျ်လန်းကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ သာ ဆုံးဖြတ်ခဲ့တာပါ။

ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အတ္တလန်တာအသင်းအတွက် မပါဝင်ခဲ့ပါဘူး။ဒါ့အပြင် ဟော့ဂျ်လန်းဟာ အသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ရာသီက အတ္တလန်တာအသင်းအတွက် စီးရီးအေ ၃၂ ပွဲပါဝင်ကစားခဲ့ပြီး ၉ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ဟော့ဂျ်လန်းဟာ ရာသီသစ်မှာ ယူနိုက်တက်ရဲ့အဓိက တိုက်စစ်မှူးအဖြစ် ပါဝင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ