Premier League

ယူနိုက်တက်ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို နားလည်တယ်လို့ ဆိုခဲ့တဲ့ အဲရစ်တန်ဟတ်

ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး နှစ်ပေါင်း ၃၄ နှစ်အတွင်း အဆိုးရွားဆုံးရာသီစတင်မှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ယူနိုက်တက်အသင်းပရိသတ်တွေက အသင်းကို လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ၇ ပွဲကစားအပြီးမှာ ၄ ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရကာ ၁၉၈၉ ခုနှစ်က နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ကိုင်တွယ်ခဲ့တုန်းက ဆိုးရွားခဲ့တဲ့ မှတ်တမ်းနဲ့ တူညီသွားခဲ့တာပါ။အဲ့ဒါကြောင့် ပရိသတ်တွေက လှောင်ပြောင်ခဲ့တဲ့အပေါ် နားလည်တယ်လို့ အဲရစ်တန်ဟတ်က ပြောခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို နားလည်ပါတယ်။ကျွန်တော်တို့ဟာ ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံကစားရတဲ့အတွက် လေးစားမှုအပြည့်နဲ့ အနိုင်ရအောင် ကစားရမှာပါ။ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းက ခက်ခဲတယ်ဆိုတာ သိပါတယ်။ကျွန်တော်တို့က အကောင်းဆုံးကစားရမှာဖြစ်သလို ပရိသတ်တွေကလည်း အကောင်းဆုံးကို မျှော်လင့်နေတယ်ဆိုတာ သိပါတယ်”

“ဒါဟာ ဆိုးရွားတဲ့စတင်မှုဖြစ်ပြီး ပိုပြီးကောင်းမွန်အောင်လုပ်ရပါမယ်။အခုစွမ်းဆောင်ရည်တွေက မလုံလောက်ပါဘူး။ကျွန်တော်တို့ဟာ နိုင်ပွဲတွေဆက်တိုက်ရယူဖို့နဲ့ အခုထက်ပိုပြီးကောင်းလာအောင် လုပ်ရမှာပါ။ကျွန်တော်တို့မှာ ဘာဆင်ခြေမှမရှိပါဘူး။အနိုင်ရဖို့လိုအပ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၀ နေရာမှာရပ်တည်နေပြီး ကြားရက်ထဲမှာ ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ