Premier League

ဘရန့်ဝိတ်အတွက် ယူနိုက်တက်ရဲ့ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုကို အဲဗာတန်ငြင်းပယ်

အဲဗာတန်အသင်းဟာ နောက်ခံလူ ဘရန့်ဝိတ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းရဲ့ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘရန့်ဝိတ်အတွက် ကနဦးကမ်းလှမ်းမှုကို ပယ်ချခံရပြီးနောက် ဒုတိယအကြိမ်မြောက်အဖြစ် ပေါင် ၄၅ သန်း၊add-ons ပေါင် ၅ သန်းနဲ့ အဲဗာတန်အသင်းကို ထပ်ပြီးကမ်းလှမ်းမှု ပြုလုပ်ခဲ့တာပါ။ယူနိုက်တက်အသင်ဟာ ဘရန့်ဝိတ်ကို တစ်ပတ်လုပ်ခပေါင် ၁ သိန်း ၆ သောင်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဗာတန်အသင်းဟာ ဘရန့်ဝိတ်အတွက် ပေါင်သန်း ၇၀ လိုချင်နေပြီး ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းကို တတိယအကြိမ်မြောက် ကမ်းလှမ်းမှုထပ်ပြုလုပ်သွားဖို့ ရှိနေတာပါ။ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ဘရန့်ဝိတ်၊ဒီလစ်နဲ့ ဇာခ့်ဇီတို့ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် ဂရင်းဒ်၊ဆန်ချို အပါအဝင် ကစားသမားအချို့ကို ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ဂရင်းဝုဒ်ကို ခေါ်ယူဖို့ မာဆေးလ်အသင်းက ကမ်းလှမ်းထားပြီး ဆန်ချိုကို ဂျူဗင်တပ်စ်အသင်းက ချိတ်ဆက်နေကာ ကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့ ပေါင် ၄ သိန်းခွဲနဲ့ ဂျီရိုနာအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

ဘရန်ဝိတ်အတွက် ယူနိုက်တက်ဆီကနေ ပေါင်သန်း ၈၀ လိုချင်နေတဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ သူတို့ရဲ့နောက်ခံလူ ဘရန်ဝိတ်အတွက် ယူနိုက်တက်အသင်းဆီကနေ အနည်းဆုံးပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ လိုချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်အသင်းဟာ ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တဲ့အတွက် နွေရာသီအပြောင်းအရွှေ့စတင်ဖွင့်တာနဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းနဲ့ စကားပြောဆိုဖို့
Premier League

ဗန်ဒိုက်ကို ကမ္ဘာ့လုပ်ခလစာအများဆုံးနောက်ခံလူဖြစ်မယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အယ်လ်နာဆာ

ရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းဟာ လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်အနေနဲ့ အသင်းထံ ပြောင်းလာခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာလုပ်ခလစာအများဆုံးရရှိတဲ့ နောက်ခံလူဖြစ်လာမယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လီဗာပူးလ်အသင်းနဲ့ စာချုပ် ၁ နှစ်သာကျန်ရှိတော့တဲ့ ဗန်ဒိုက်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စားနေတာပါ။စပိန်သတင်းစာ မာကာက