Premier League

ယူနိုက်တက်အသင်းဖော်ဟောင်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်ခဲ့တဲ့ ဂရင်းဝုဒ်

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းဖော်ဟောင်းဖြစ်တဲ့ ရှိုရီတီရီနဲ့ အတူ မန်ချက်စတာမှာ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ပုံတွေ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဂီတာဖေးအသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ ဂရင်းဝုဒ်ဟာ ဗြိတိန်ကို ပြန်လည်ရောက်လာပြီး နွေရာသီက ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ရှိုရီတီရီအသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာပါ။ဂရင်းဝုဒ်ဟာ ရာသီသစ်မတိုင်ခင်မှာ သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကို အကောင်းဆုံးပုံစံရရှိအောင် လေ့ကျင့်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းဘက်က သူ့ကို ဆက်ပြီးထိန်းသိမ်းဖို့ အစီအစဉ်မရှိတာပါ။ဂရင်းဝုဒ်ဟာ လာမယ့်အပတ်အတွင်းမှာ ရာသီသစ်ကျရင် သူဘယ်မှာကစားရမလဲဆိုတာကို သိရှိချင်နေပြီလို့ Mirror သတင်းမှာ ဖော်ပြထားပါတယ်။

MADRID, SPAIN – JANUARY 02: Mason Greenwood of Getafe CF warms up prior to the LaLiga EA Sports match between Getafe CF and Rayo Vallecano at Civitas Metropolitano Stadium on January 02, 2024 in Madrid, Spain. The match is being played at Civitas Metropolitano Stadium following a ruling against Getafe regarding a pitch invasion that occured in 2017. (Photo by Angel Martinez/Getty Images)

ဂျမေကာဂျာစီဝတ်ဆင်ပြီး လေ့ကျင့်နေတဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ လာဇီယိုနဲ့ မာဆေးလ်အသင်းအပြင် အသင်းအချို့က စိတ်ဝင်စားနေတာပါ။ယူနိုက်တက်အသင်းကတော့ ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)အထိ သတ်မှတ်ထားပေမယ့် အခုအချိန်အထိ ပေါင်(၂၅)သန်းက အကောင်းဆုံးကမ်းလှမ်းမှုဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Premier League

ဘရန်ဝိတ်အတွက် ယူနိုက်တက်ဆီကနေ ပေါင်သန်း ၈၀ လိုချင်နေတဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ သူတို့ရဲ့နောက်ခံလူ ဘရန်ဝိတ်အတွက် ယူနိုက်တက်အသင်းဆီကနေ အနည်းဆုံးပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ လိုချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်အသင်းဟာ ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တဲ့အတွက် နွေရာသီအပြောင်းအရွှေ့စတင်ဖွင့်တာနဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းနဲ့ စကားပြောဆိုဖို့
Premier League

ဗန်ဒိုက်ကို ကမ္ဘာ့လုပ်ခလစာအများဆုံးနောက်ခံလူဖြစ်မယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အယ်လ်နာဆာ

ရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းဟာ လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်အနေနဲ့ အသင်းထံ ပြောင်းလာခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာလုပ်ခလစာအများဆုံးရရှိတဲ့ နောက်ခံလူဖြစ်လာမယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လီဗာပူးလ်အသင်းနဲ့ စာချုပ် ၁ နှစ်သာကျန်ရှိတော့တဲ့ ဗန်ဒိုက်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စားနေတာပါ။စပိန်သတင်းစာ မာကာက