Premier League

ဘိုင်ယန်မြူးနစ်ကို ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ အိုလီဆီ

ချယ်လ်ဆီး၊ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ရဲ့ပစ်မှတ်ဖြစ်ခဲ့တဲ့ ပဲလေ့စ်အသင်းတောင်ပံကစားသမား အိုလီဆီဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ယူရိုသန်း ၆၀ နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဒီနွေရာသီမှာ အိုလီဆီကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားက ဘိုင်ယန်မြူးနစ်အသင်းကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။အိုလီဆီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြသစ် ကွန်ပနီနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ရမှာဖြစ်ပါတယ်။

အိုလီဆီက “အသင်းကြီးတစ်သင်းမှာ ကစားရမှာဖြစ်လို့ အလွန်ပျော်ပါတယ်။ဒါက စိန်ခေါ်မှုဖြစ်ပြီး ဒီလိုမျိုးကို ကျွန်တော်ရှာဖွေနေတာပါ။ဒီအဆင့်မှာ ကိုယ့်ကိုကိုယ်သက်သေပြပြီး အသင်းကို လာမယ့်နှစ်တွေအတွင်းမှာ ဆုဖလားအများအပြားရယူနိုင်ဖို့အတွက် အစိတ်အပိုင်းအနေနဲ့ ကူညီပေးသွားချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က ရီးဒင်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အိုလီဆီဟာ ပဲလေ့စ်အသင်းအတွက် ပွဲပေါင်း ၉၀ ပါဝင်ကစားခဲ့ပြီး ၁၆ ဂိုးသွင်းယူနိုင်ခဲ့တာပါ။အိုလီဆီဟာ အိုလံပစ်ပြိုင်ပွဲဝင်မယ့် ပြင်သစ်လူစာရင်းမှာ ရွေးချယ်ခံထားရလို့ ဒီပြိုင်ပွဲအပြီးမှ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

ဘရန်ဝိတ်အတွက် ယူနိုက်တက်ဆီကနေ ပေါင်သန်း ၈၀ လိုချင်နေတဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ သူတို့ရဲ့နောက်ခံလူ ဘရန်ဝိတ်အတွက် ယူနိုက်တက်အသင်းဆီကနေ အနည်းဆုံးပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ လိုချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်အသင်းဟာ ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တဲ့အတွက် နွေရာသီအပြောင်းအရွှေ့စတင်ဖွင့်တာနဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းနဲ့ စကားပြောဆိုဖို့
Premier League

ဗန်ဒိုက်ကို ကမ္ဘာ့လုပ်ခလစာအများဆုံးနောက်ခံလူဖြစ်မယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အယ်လ်နာဆာ

ရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းဟာ လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်အနေနဲ့ အသင်းထံ ပြောင်းလာခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာလုပ်ခလစာအများဆုံးရရှိတဲ့ နောက်ခံလူဖြစ်လာမယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လီဗာပူးလ်အသင်းနဲ့ စာချုပ် ၁ နှစ်သာကျန်ရှိတော့တဲ့ ဗန်ဒိုက်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စားနေတာပါ။စပိန်သတင်းစာ မာကာက