Premier League

ဗန်ဒီဘိခ်ကို ရောင်းချမယ့်ပြောင်းရွှေ့ကြေးအပေါ် ယူနိုက်တက်ကို ပရိသတ်တွေဝေဖန်

ယူနိုက်တက်အသင်းဟာ ဗန်ဒီဘိခ်ကို ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ရောင်းချမယ့်အပေါ် ပရိသတ်တွေက ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

စပိန်ကလပ် ဂျီရိုနာအသင်းဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းးနဲ့ သဘောတူညီမှုရရှိခဲ့တာပါ။ယူနိုက်တက်အသင်းဟာ ဗန်ဒီဘိခ်ကို ၂၀၂၀ က အေဂျက်ဇ်အသင်းကနေ ယူရို ၄၁ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ဂျီရိုနာအသင်းကို ယူရို ၅ သိန်းနဲ့ ရောင်းချဖို့ သဘောတူညီခဲ့တာပါ။အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဗန်ဒီဘိခ်ကို ခေါ်ယူခဲ့တုန်းက ပြောင်းရွှေ့ကြေးထက် အများအပြားအဆုံးရှုံးခံပြီး ရောင်းချတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းပရိသတ်တွေကတော့ ဒီပြောင်းရွှေ့ကြေးကို မယုံနိုင်ဖြစ်နေပြီး နောက်ပြောင်နေတာလားလို့ ရေးသားကာ ကလပ်အသင်းကို ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာပါ။ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့ချိန်နဲ့ အငှားထွက်ကစားချိန်မှာ ရုန်းကန်ခဲ့ရတာတွေကို ဂျီရိုနာအသင်းမှာ ပြန်လည်တည်ဆောက်ပြီး သူ့ရဲ့ကစားသမားဘဝကို ပြန်လည်ရယူနိုင်ဖို့ အခွင့်အရေးတွေရမှာဖြစ်ပါတယ်။

ဂျီရိုနာအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရရှိထားလို့ ဗန်ဒီဘိခ်အနေနဲ့ အေဂျက်စ်မှာ လုပ်ခဲ့တုန်းကလို လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းအတွက် ၆၂ ပွဲကစားခဲ့ပြီး ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

ဘရန်ဝိတ်အတွက် ယူနိုက်တက်ဆီကနေ ပေါင်သန်း ၈၀ လိုချင်နေတဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ သူတို့ရဲ့နောက်ခံလူ ဘရန်ဝိတ်အတွက် ယူနိုက်တက်အသင်းဆီကနေ အနည်းဆုံးပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ လိုချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်အသင်းဟာ ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တဲ့အတွက် နွေရာသီအပြောင်းအရွှေ့စတင်ဖွင့်တာနဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းနဲ့ စကားပြောဆိုဖို့
Premier League

ဗန်ဒိုက်ကို ကမ္ဘာ့လုပ်ခလစာအများဆုံးနောက်ခံလူဖြစ်မယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အယ်လ်နာဆာ

ရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းဟာ လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်အနေနဲ့ အသင်းထံ ပြောင်းလာခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာလုပ်ခလစာအများဆုံးရရှိတဲ့ နောက်ခံလူဖြစ်လာမယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လီဗာပူးလ်အသင်းနဲ့ စာချုပ် ၁ နှစ်သာကျန်ရှိတော့တဲ့ ဗန်ဒိုက်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စားနေတာပါ။စပိန်သတင်းစာ မာကာက