Ligue 1

ပီအက်စ်ဂျီအသင်းဆီကနေ ရဖို့ရှိနေတဲ့ ယူရိုသန်း ၁၀၀ တောင်းဆိုခဲ့တဲ့ ဘတ်ပီ

ဘာပေဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဆီကနေ သူရဖို့ရှိနေတဲ့ ယူရိုသန်း ၁၀၀ တောင်းဆိုခဲ့တယ်လို့ L’Équipé က ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီလအကုန်မှာ ရီးရယ်လ်အသင်းထံ တရားဝင်ပြောင်းရွှေ့တော့မယ့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းဆီကနေ ဧပြီလတည်းက လုပ်ခလစာရရှိခြင်းမရှိတော့တာပါ။အဲ့ဒါကြောင့် ဘာပေဟာ ဧပြီလ၊မေလနဲ့ သူရမယ့် သစ္စာရှိမှုအတွက် အပိုဆုကြေး၊ရာသီအကုန်မှာ ရရှိမယ့် အပိုဆုကြေးတွေအတွက် သူ့ရဲ့ကိုယ်စားလှယ်တွေကနေ တဆင့် ပီအက်စ်ဂျီအသင်းကို ယူရိုသန်း ၁၀၀ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စာချုပ်ရှိနေတဲ့ ဇွန်လအတွက်လုပ်ခလစာကိုပါ ဘတ်ပီကို ပေးဖို့ ဆန္ဒမရှိဖြစ်နေတာပါ။အခုလို ဘတ်ပီရဲ့တောင်းဆိုမှုကြောင့် ပီအက်စ်ဂျီအသင်းနဲ့ ဘတ်ပီတို့ရဲ့ဆက်ဆံရေးဟာ အလွန်ဆိုးရွားသွားခဲ့ပြီဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီအတွက် ငွေကြေးအများကြီးရင်းနှီးခဲ့ပေမယ့် အသင်းက အလွတ်ထွက်ခွာမယ့်အပေါ်မှာ အလွန်စိတ်ပျက်နေတာပါ။

ဘတ်ပီဟာ ယူရို၂၀၂၄ ပြိုင်ပွဲအပြီးမှာ ရီးရယ်လ်အသင်းရဲ့ကစားသမားသစ်အဖြစ် ဘာနေဗျူးကွင်းကြီးထဲမှာ တရားဝင်မိတ်ဆက်မှုပြုလုပ်သွားမှာဖြစ်ပါတယ်။