Laliga

ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ရဲ့ဂိုးတွေနဲ့ ဘက်တစ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘက်တစ်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့က ခေါ်ယူထားတဲ့ ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့နှစ်ဦးစလုံးကို ဒီပွဲရဲ့ပွဲထွက်လူစာရင်းမှာ အသုံးပြုသွားခဲ့တာပါ။ဘာစီလိုနာအသင်းဟာ ဘက်တစ်အသင်းကို တစ်ပွဲလုံးအသာစီးနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၉ ကြိမ်အထိ ရှိခဲ့ပါတယ်။

ဘက်တစ်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရှိခဲ့တာပါ။ဘာစီလိုနာအသင်းအတွက်ဂိုးတွေကို ဂျာအိုဖီးလစ်၊လီဝန်ဒေါစကီး၊ဖာရန်တောရက်စ်၊ရာဖင်ဟာနဲ့ ကန်ဆယ်လိုတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။လီဝန်ဒေါစကီးကတော့ ဒီပွဲမှာ သွင်းဂိုးအပြင် ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်သွားခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ အခုနှစ်ရာသီ စပိန်လာလီဂါပွဲစဉ် ၅ ပွဲကစားအပြီးမှာ ရှုံးပွဲမရှိရမှတ် ၁၃ မှတ်နဲ့ ရီးရယ်လ်အသင်းမကစားခင် လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ဘာစီလိုနာအသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရိုင်ယန်အန့်ဝါတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား