Uncategorized

VBR အတွဲအဖက်ခြေစွမ်းပြမှုနဲ့ ဂျီရိုနာကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ရီးရယ်လ်

ရီးရယ်လ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ချန်ပီယံဆုအတွက် အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ ဂျီရိုနာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက်ဂိုးတွေကို ဘယ်လင်ဂမ်က ၂ ဂိုး၊ဗင်နီစီးယက်စ်နဲ့ ရိုဒရီဂိုတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ဗဟိုနောက်ခံလူတစ်ဦးမှ မပါဝင်ခဲ့ဘဲ ဂျီရိုနာအသင်းကို အကောင်းဆုံးကစားသွားခဲ့ပြီး ပေးဂိုးလည်း မပေးခဲ့ရကာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဂျီရိုနာအသင်းကို ၅ မှတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂျီရိုနာအသင်းဟာ ဒီရာသီမှာ အကောင်းဆုံးရလဒ်တွေပိုင်ဆိုင်ခဲ့ပေမယ့် ရီးရယ်လ်အသင်းကိုတော့ လာလီဂါပြိုင်ပွဲမှာ နှစ်ကျော့စလုံးအရေးနိမ့်ခဲ့တာပါ။ဂျီရိုနာအသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့ပေမယ့် တတိယနေရာက ဘာစီလိုနာအသင်းကို ရမှတ် ၆ မှတ်အသာရထားတာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol