EURO 2024

စိတ်ပျက်နေတဲ့ အင်္ဂလန်ပရိသတ်တွေရဲ့ဘီယာခွက်တွေနဲ့ ပစ်ပေါက်ခြင်းပါ ခံခဲ့ရတဲ့ ဆောက်ဂိတ်

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဆလိုဗေးနီးယားအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ပရိသတ်တွေဟာ စိတ်ပျက်ပြီး နည်းပြ ဆောက်ဂိတ်ကို ဘီယာခွက်တွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပေမယ့် အုပ်စုပွဲစဉ် ၃ ပွဲစလုံးကစားအပြီးမှာ ချန်ပီယံခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။အဲ့ဒါကြောင့် အင်္ဂလန်အသင်းပရိသတ်တွေဟာ အသင်းကို လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြသလို ပွဲအပြီးမှာ သူတို့အရှေ့ကို လက်ခုပ်တီးဖို့ ရောက်လာခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ကို ဘီယာခွက်တွေနဲ့ ပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။

ဆောက်ဂိတ်ကတော့ ပရိသတ်တွေရဲ့ဒီလိုလုပ်ဆောင်မှုတွေကို သူနားလည်ပေမယ့် ပရိသတ်တွေအနေနဲ့ အသင်းကို ဆက်ပြီးအားပေးမှုတွေပြုလုပ်ဖို့ တိုက်တွန်းမှုတွေပြုလုပ်သွားခဲ့တာပါ။အင်္ဂလန်အသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ သွင်းဂိုး ၂ ဂိုးသာသွင်းယူထားနိုင်ပြီး တိုက်စစ်ပိုင်းလည်း အားနည်းမှုတွေရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်ပွဲစဉ်မှာ အုပ်စုတွင်းတတိယအကောင်းဆုံး ၄ သင်းထဲက ၁ သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်