EURO 2024

အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင် အင်္ဂလန်ရဲ့လေ့ကျင်ခန်းအစီအစဉ်မှာ ပါဝင်လာခဲ့တဲ့ လုပ်ခ်ရှော

လုပ်ခ်ရှောဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မတိုင်ခင်အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အပြည့်အဝပါဝင်ခဲ့တာကြောင့် နည်းပြ ဆောက်ဂိတ်အတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။

England’s Luke Shaw during a training session at the Spa & Golf Resort Weimarer Land in Blankenhain, Germany. Picture date: Monday June 24, 2024. PA Photo. See PA Story SOCCER England Training. Photo credit should read: Adam Davy/PA Wire. RESTRICTIONS: Use subject to restrictions. Editorial use only, no commercial use without prior consent from rights holder.

လုပ်ခ်ရှောဟာ ဒဏ်ရာရရှိနေပေမယ့် နည်းပြ ဆောက်ဂိတ်က သူ့ကို အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ရွေးချယ်ခဲ့တာပါ။လုပ်ခ်ရှောဟာ ဒဏ်ရာကနေပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နေတာကြောင့် အင်္ဂလန်အသင်းကစားခဲ့တဲ့ ဆားဘီးယား၊ဒိန်းမတ်အသင်းတို့နဲ့ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

လုပ်ခ်ရှောမပါဝင်နိုင်တဲ့အချိန်မှာ ဘယ်နောက်ခံလူအဖြစ်ကစားခဲ့တဲ့ ထရစ်ပီယာဟာ ဒဏ်ရာပြသနာရှိနေတယ်ဆိုပြီး သတင်းတွေထွက်နေတာကြောင့် နည်းပြ ဆောက်ဂိတ်အတွက် စိတ်ပျက်စရာဖြစ်ခဲ့တာပါ။ဒါပေမယ့် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ လုပ်ခ်ရှောအပါအဝင် ကစားသမား ၂၆ ဦးစလုံးပါဝင်ခဲ့တာဖြစ်ပါတယ်။

လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်ပါဝင်ခဲ့ပေမယ့် ဆလိုဗေးနီးယားအသင်းနဲ့ပွဲမှာတော့ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖွယ်မရှိဘဲ အရန်ကစားသမားအဖဖြစ်သာ ပါဝင်ရဖွယ်ရှိနေတာပါ။လုပ်ခ်ရှောအနေနဲ့ ကြံ့ခိုင်မှုအပြည့်ရှိရင် ရှုံးထွက်အဆင့်ပွဲတွေမှာတော့ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်