EURO 2024

စကော့တလန်ဂိုးသမားနဲ့ ထိခိုက်ခဲ့တဲ့ ဗာဂါအခြေအနေတည်ငြိမ်နေပြီလို့ အတည်ပြုခဲ့တဲ့ ဟန်ဂေရီ

ဟန်ဂေရီအသင်းက စကော့တလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုနောက်ဆုံးပွဲစဉ်မှာ စကော့တလန်အသင်းဂိုးသမား ဂန်းနဲ့ထိခိုက်မိပြီး မျက်နှာမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ဟန်ဂေရီအသင်းတိုက်စစ်မှူး ဗာဂါဟာ ဆေးရုံမှာအခြေအနေတည်ငြိမ်နေပြီလို့ ဟန်ဂေရီအသင်းက အတည်ပြုခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဂန်းနဲ့ ဗာဂါတို့ဟာ ဟန်ဂေရီအသင်းခေါင်းဆောင် ဆိုဘို့ဆလိုင်းကန်တင်ပေးခဲ့တဲ့ ပြစ်ဒဏ်ဘောမှာ ထိခိုက်ခဲ့ပြီး ဗာဂါဟာ ကွင်းအတွင်းလဲကျသွားခဲ့တာပါ။ဗာဂါရဲ့အခြေအနေဟာ စိုးရိမ်ရတဲ့အတွက် ၂ သင်းစလုံးရဲ့ကစားသမားတွေဟာ ဆေးအဖွဲ့ကို ကွင်းအတွင်းအမြန်ဆုံးခေါ်ခဲ့တာဖြစ်ပါတယ်။ကစားသမားတွေဟာ ဗာဂါကုသမှုခံယူနေချိန်မှာ အဝတ်တွေနဲ့လည်း ကာထားခဲ့တြတာပါ။

ဟန်ဂေရီအသင်းခေါင်းဆောင် ဆိုဘို့ဆလိုင်းဆိုရင် ထမ်းစင်ကိုပါ ဆေးအဖွဲ့ဝင်တွေနဲ့အတူ သွားရောက်သယ်ဆောင်လာခဲ့တာပါ။အားလုံးဟာ ဗာဂါရဲ့အခြေအနေကို စိုးရိမ်ခဲ့ကြတာဖြစ်ပြီး ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြ မာကိုရော့စီတို့က ဗာဂါရဲ့အခြေအနေတည်ငြိမ်နေပြီလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဗာဂါဟာ မျက်နှာမှာ အရိုးတွေအက်ခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူရတော့မှာဖြစ်လို့ ဟန်ဂေရီအသင်း ယူရိုပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ရင် ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ဟန်ဂေရီအသင်းဟာ အုပ်စုပွဲစဉ်တွေကစားအပြီးမှာ ၃ မှတ်ရရှိထားတဲ့အတွက် အကောင်းဆုံးအုပ်စုတတိယနဲ့ နောက်တစ်ဆင့်တက်နိုင်မလားဆိုတာ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်