EURO 2024

သွင်းဂိုးတွေသာ ပယ်ဖျက်မခံရရင် ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးဖြစ်နေမယ့် လူကာကူ

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သွင်းဂိုးရရှိဖို့ ရုန်းကန်နေရပြီး သွင်းယူခဲ့တဲ့ ဂိုးတွေကလည်း ခွင့်ပြုခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

Belgium’s Romelu Lukaku celebrates after scoring a later disallowed goal during a Group E match between Belgium and Romania at the Euro 2024 soccer tournament in Cologne, Germany, Saturday, June 22, 2024. (AP Photo/Martin Meissner)

ဘယ်လ်ဂျီယံအသင်းက ရိုမေးနီးယားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူကာကူဟာ ဘယ်လ်ဂျီယံအသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံဘောအလိုအလျောက်ဖမ်းတဲ့နည်းပညာကြောင့် ပယ်ဖျက်ခံခဲ့ရတာပါ။လူကာကူဟာ ပြီးခဲ့တဲ့ ဆလိုဗက်ကီးယားအသင်းနဲ့ပွဲစဉ်မှာလည်း ဘယ်လ်ဂျီယံအသင်းအတွက် သွင်းယူခဲ့တဲ့ ၂ ဂိုးစလုံးကို ပယ်ဖျက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လူကာကူဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သွင်းယူထားတဲ့ ၃ ဂိုးစလုံးပယ်ဖျက်ခြင်းခံထားရတာပါ။လူကာကူအနေနဲ့ ဒီဂိုးတွေသာ ပယ်ဖျက်မခံရဘူးဆိုရင် ဒီပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေမှာဖြစ်ပါတယ်။လူကာကူအနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးတာကို အဆုံးသတ်နိုင်မလားဆိုတာ လာမယ့် ယူကရိန်းအသင်းနဲ့ပွဲမှာ စောင့်ကြည့်ရမှာပါ။

ဒီပွဲစဉ်ဟာ ၂ သင်းစလုံးအတွက် အရေးပါနေပြီး အနိုင်ရတဲ့အသင်းက နောက်တစ်ဆင့်တက်နိုင်မှာဖြစ်တဲ့အတွက် ပွဲကြီးပွဲကောင်းတစ်ပွဲကြည့်ရှုရမယ်ဆိုတာ သေချာနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်