EURO 2024

ရော်နယ်ဒိုနဲ့ ဆယ်လ်ဖီရိုက်ဖို့ ပရိသတ်တွေကွင်းအတွင်းဝင်ရောက်မှုကြောင့် ၄ ကြိမ်အထိရပ်ခဲ့ရတဲ့ ပေါ်တူဂီပွဲ

မနေ့က ပေါ်တူဂီအသင်းက တူရကီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ ဆယ်လ်ဖီရိုက်ဖို့ ပရိသတ်တွေကွင်းအတွင်းဝင်ရောက်ခဲ့တာကြောင့် ပွဲကို ၄ ကြိမ်ရပ်တန့်ခဲ့ရပါတယ်။

ပွဲအပြီး ပေါ်တူဂီအသင်းအောင်ပွဲခံချိန်မှာလည်း ပရိသတ်တွေကွင်းအတွင်းဝင်ရောက်မှု နောက်ထပ် ၂ ကြိမ်ဖြစ်ခဲ့တာပါ။ရော်နယ်ဒိုဟာ လူငယ်ပရိသတ်တစ်ဦးနဲ့ ဆယ်လ်ဖီရိုက်အပြီးမှာ နောက်ထပ်ပရိသတ်တွေ ကွင်းအတွင်းဝင်ရောက်လာမှုတွေဖြစ်ခဲ့ပါတယ်။ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်ကတော့ ဒီလိုဖြစ်ရပ်တွေအတွက် စိုးရိမ်မိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ရောဘတ်တိုမာတီနက်ဇ်က “ဒါက စိုးရိမ်စရာပါ။ဒါပေမယ့် ဒီပွဲမှာ ပရိသတ်တွေရဲ့ရည်ရွယ်ချက်က ကောင်းခဲ့လို့ ကျနော်တို့ကံကောင်းခဲ့ပါတယ်။ပရိသတ်တွေကို ချစ်တာကောင်းပေမယ့် ဒီလိုမဟုတ်ရင်တော့ စိုးရိမ်စရာတွေကောင်းပါတယ်။လုံခြုံရေးတွေအများကြီးရှိတာကြောင့် ဒါကမဖြစ်သင့်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ပွဲပြီးချိန်မှာ ကွင်းအတွင်းဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးရဲ့အနောက်ကိုလိုက်ရင်း လုံခြုံရေးဝန်ထမ်းတစ်ဦးဟာ ပေါ်တူဂီအသင်းတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို တိုက်မိခဲ့တဲ့အတွက် ကစားသမားဟာ ထော့နဲ့ထော့နဲ့ ဖြစ်သွားခဲ့တာကို မြင်ခဲ့ရတာပါ။UEFA ကတော့ ကွင်းအတွင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်