EURO 2024

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ၂ ပွဲဆက်တိုက်အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ကန်တီ

ပြင်သစ်အသင်းကွင်းလယ်လူ ကန်တီဟာ နယ်သာလန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုဒုတိယပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ကန်တီဟာ ပြီးခဲ့တဲ့ ပြင်သစ်အသင်းက သြစတြီးယားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။အဲ့ဒါကြောင့် ကန်တီဟာ ပြင်သစ်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုပွဲစဉ် ၂ ပွဲစလုံး အကောင်းဆုံးကစားသမားဆုရရှိခဲ့တာဖြစ်ပါတယ်။

ကန်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင်က ပြင်သစ်အသင်းလူစာရင်းနဲ့ နှစ်အနည်းငယ်ဝေးကွာနေပေမယ့် ဒီပြိုင်ပွဲမှာ အံ့အားသင့်ဖွယ်ရွေးချယ်ခြင်းခံခဲ့ရတာပါ။ကန်တီကလည်း သူ့ကို ပြန်လည်ရွေးချယ်တဲ့ ပြင်သစ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ကန်တီဟာ ပြင်သစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တုန်းကလည်း ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ပြင်သစ်အသင်းဟာ နယ်သာလန်အသင်းနဲ့ သရေကျခဲ့ပေမယ့် အုပ်စုတွင်း ၂ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားပြီး နောက်ဆုံးပွဲစဉ်အဖြစ် ဇွန် ၂၅ ရက်မှာ ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်