EURO 2024

အယ်လ်ဘေးနီးယားနဲ့ပွဲကို ပွဲပယ်ကြောင့် လွဲချော်တော့မယ့် ရိုဒရီ

စပိန်အသင်းအဓိက ကွင်းလယ်လူ ရိုဒရီဟာ အီတလီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုဒုတိယပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ အဝါကတ်ကြောင့် အယ်လ်ဘေးနီးယားအသင်းနဲ့ ကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။

ရိုဒရီဟာ ပြီးခဲ့တဲ့ စပိန်အသင်းက ခရိုအေးရှားအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း အဝါကတ်ပြသခံခဲ့ရတာပါ။ပြိုင်ပွဲတစ်ပွဲမှာ အဝါကတ် ၂ ကြိမ်ပြသခံရရင် ပွဲပယ်ခံရမှာဖြစ်ပေမယ့် ရိုဒရီဟာ အီတလီအသင်းနဲပွဲမှာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့စည်းမျဉ်းအသစ်ကို ချိုးဖောက်ပြီး အဝါကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့စည်းမျဉ်းသစ်အရ ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ဆွေးနွေးမှုတွေပြုလုပ်ဖို့ ယူအီးအက်ဖ်အေဟာ အသင်းခေါင်းဆောင်တွေကိုသာ ခွင့်ပြုထားတာပါ။အသင်းခေါင်းဆောင်က ဂိုးသမားဖြစ်နေမှသာ ကွင်းထဲမှာရှိတဲ့ တစ်ဦးက ကွင်းလယ်ဒိုင်လူကြီးနဲ့ စကားပြောလို့ရမှာဖြစ်ပြီး အရင်လိုမျိုးဝိုင်းဖိအားပေးတာကို လုပ်လို့မရတော့တာဖြစ်ပါတယ်။

ဒီလိုမျိုးလုပ်မယ်ဆိုရင် ကွင်းလယ်ဒိုင်လူကြီးဟာ အဝါကတ်ပြသပြီး သတိပေးလို့ရတာပါ။ဒီပွဲစဉ်မှာ ရိုဒရီဟာ ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ဖိအားပေးခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့် စပိန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရိုဒရီမပါဝင်ဘဲ ယှဉ်ပြိုင်သွားရတော့မှာပါ။

စပိန်အသင်းဟာ အုပ်စုကနောက်တစ်ဆင့်တက်ရောက်ပြီးဖြစ်တဲ့အတွက် ရိုဒရီဟာ ၁၆ သင်းအဆင့်ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်