EURO 2024

စကော့တလန်နဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် စံချိန်သစ်တစ်ခုတင်နိုင်ခဲ့တဲ့ ရှာကွီရီ

ဆွစ်ဇာလန်အသင်းကစားသမား ရှာကွီရီဟာ စကော့တလန်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုဒုတိယပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် စံချိန်သစ်တစ်ခုတင်နိုင်ခဲ့ပါတယ်။

ရှာကွီရီဟာ ဒီပွဲမှာ ဂိုးသွင်းခဲ့တာကြောင့် နောက်ဆုံးအဓိကပြိုင်ပွဲကြီး ၆ ခုစလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ရှာကွီရီဟာ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်နဲ့ ယူရိုပြိုင်ပွဲ ၃ ကြိမ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ရှာကွီရီဟာ ဆွစ်ဇာလန်အသင်းအတွက်၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုး၊ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ၁ ဂိုး၊၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရှာကွီရီဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ၃ ဂိုး၊၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁ ဂိုးနဲ့ လက်ရှိယူရိုပြိုင်ပွဲမှာ ၁ ဂိုးသွင်းယူခဲ့တာပါ။အသက် ၃၂ နှစ်အရွယ်ရှိ ရှာကွီရီဟာ ဆွစ်ဇာလန်အသင်းအတွက် ၁၂၄ ပွဲကစားထားပြီး ၃၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၂ ပွဲကစားထားပြီး ရမှတ် ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပြီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်