EURO 2024

ဂျော်ဂျီယာနဲ့ပွဲအပြီးမှာ ရီးရယ်လ်အသင်းဆီက ချီးကျူးမှုရခဲ့တယ်လို့ ဆိုခဲ့တဲ့ အာဒါဂူလာ

တူရကီအသင်းက ဂျော်ဂျီယာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ တူရကီအသင်းအတွက် ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့တဲ့ အာဒါဂူလာက ရီးရယ်လ်အသင်းဖော်တွေ၊နည်းပြ အန်ဆယ်လော့တီဆီက ချီးကျူးမှုရခဲ့တယ်လို့ဆိုခဲ့ပါတယ်။

အာဒါဂူလာဟာ ဒီပွဲမှာ တူရကီအသင်းအတွက် ဒုတိယဂိုးကို လှပတဲ့ကန်သွင်းချက်နဲ့ သွင်းယူနိုင်ခဲ့တာပါ။ရီးရယ်လ်အသင်းကစားသမားဟာ ဒီပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဒါဂူလာက “ကျနော့်ရဲ့ရီးရယ်လ်အသင်းဖော်အချို့ဟာ ပွဲအပြီးမှာ စာပို့ပြီးချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။နည်းပြ အန်ဆယ်လော့တီလည်း ဒီလိုပဲလုပ်ခဲ့ပါတယ်။သူတို့ဆီကနေ ဒီလိုတွေရခဲ့လို့ ကျနော်ဝမ်းမြောက်မိပါတယ်”လို့ ဆိုခဲ့ပါတယ်။

DORTMUND, GERMANY – JUNE 18: Arda Guler of Turkiye celebrates with teammates after defeating Georgia during the UEFA EURO 2024 group stage match between Turkiye and Georgia at Football Stadium Dortmund on June 18, 2024 in Dortmund, Germany. (Photo by Lars Baron/Getty Images)

အသက် ၁၉ နှစ်အရွယ်ရှိ အာဒါဂူလာဟာ ဒီပွဲမှာသွင်းယူတဲ့ဂိုးကြောင့် ယူရို ၂၀၀၄ ပြိုင်ပွဲက ရော်နယ်ဒိုနောက်ပိုင်း ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့တာပါ။အာဒါဂူလာဟာ လက်ရှိအချိန်ထိ တူရကီအသင်းအတွက် ၈ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်