EURO 2024

ပေါ်တူဂီကစားသမားတွေက ရော်နယ်ဒိုကို မယုံကြည်ကြဘူးလို့ဆိုခဲ့တဲ့ ပီးယာ့စ်

ပေါ်တူဂီအသင်းက ချက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ ပေါ်တူဂီကစားသမားတွေဟာ ရော်နယ်ဒိုကို မယုံကြည်ကြဘူးလို့ ပီးယာ့စ်က ဆိုခဲ့ပါတယ်။

LEIPZIG, GERMANY – JUNE 18: Cristiano Ronaldo of Portugal reacts during the UEFA EURO 2024 group stage match between Portugal and Czechia at Football Stadium Leipzig on June 18, 2024 in Leipzig, Germany. (Photo by Boris Streubel – UEFA/UEFA via Getty Images)

ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ ပါဝင်တဲ့ ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ ချက်အသင်းရဲ့ဦးဆောင်ခြင်းကို ခံခဲ့ရပြီး အနောက်ကနေလိုက်ကာ ချေပဂိုးနဲ့ ပွဲချိန် ၉၂ မိနစ်မှာ ကွန်ဆီကာအိုရဲ့အနိုင်ဂိုးကြောင့် နိုင်ပွဲရရှိခဲ့တာပါ။ ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲကို စံချိန်တင် ၆ ကြိမ်မြောက်အဖြစ် ချက်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒီအချိန်မှာ အင်္ဂလန်ကစားသမားဟောင်း ပီးယာ့စ်က ပေါ်တူဂီကစားသမားတွေဟာ ရော်နယ်ဒိုအပေါ် ယုံကြည်မှုမရှိဖြစ်နေကြတယ်လို့ ပြောလာခဲ့တာပါ။

ပီးယာ့စ်က “သူတို့တွေဟာ ရော်နယ်ဒိုကို လုံလောက်တဲ့ ဘောလုံးပေးပို့မှုတွေပြုလုပ်ဖို့ အယုံအကြည်မရှိဖြစ်နေကြပါတယ်။ဘာနာဒိုဆေးလ်ဗားဆိုရင် သူ့ကိုဘောလုံးပေးပို့မှုပြုလုပ်ဖို့ ငြင်းဆန်ခဲ့တာရှိပါတယ်။ဒါက အတော်လေးထူးဆန်းတာကို မြင်တွေ့ခဲ့ရတာပါ”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်ဂန္ထဝင်အလန်ရှီးယားကတော့ ပေါ်တူဂီအသင်းဟာ ရော်နယ်ဒိုကို အလွန်အားကိုးလွန်းတယ်လို့ ပြောခဲ့ပါတယ်။ရော်နယ်ဒိုအနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ယူရိုပြိုင်ပွဲ ၆ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်