EURO 2024

သူ့ရဲ့မွေးနေ့ပွဲကို ဂျာမနီမှာ စပိန်အသင်းဖော်တွေနဲ့အတူ ကျင်းပမယ့် ယာမဲလ်

ပြင်သစ်အသင်းကို အနိုင်ရပြီး စပိန်အသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲပို့ဆောင်ပေးခဲ့တဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ယာမဲလ်က သူ့ရဲ့မွေးနေ့ပွဲကို ဂျာမနီမှာ စပိန်အသင်းဖော်တွေနဲ့အတူ ကျင်းပသွားမယ်လို့ ပြောခဲ့ပါတယ်။

MUNICH, GERMANY – JULY 09: Lamine Yamal of Spain celebrates at the end of the UEFA EURO 2024 semi-final match between Spain v France at Munich Football Arena on July 09, 2024 in Munich, Germany. (Photo by Image Photo Agency/Getty Images)

ယာမဲလ်ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပြီး ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။ယာမဲလ်ဟာ လာမယ့်စနေနေ့မှာ အသက် ၁၇ နှစ်ပြည့်မှာဖြစ်ပြီး စပိန်အသင်း ဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့အတွက် သူ့ရဲ့မွေးနေ့ပွဲကို အသင်းဖော်တွေနဲ့အတူ ကျင်းပရတော့မှာဖြစ်ပါတယ်။

ယာမဲလ်က “စပိန်အသင်း ဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့အတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ကျနော်ထပ်ပြီး အနိုင်ရယူချင်ပါတယ်။ကျနော့်ရဲ့မွေးနေ့ပွဲကို ဂျာမနီမှာ စပိန်အသင်းဖော်တွေနဲ့အတူ ကျင်းပသွားမယ်”လို့ဆိုခဲ့ပါတယ်။

စပိန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် အင်္ဂလန်နဲ့ နယ်သာလန်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်