EURO 2024

ပြင်သစ်ကစားပုံက ပျင်းဖို့ကောင်းတယ်လို့ ပြောခဲ့တဲ့ ဂျာနယ်လစ်တစ်ဦးကို တုံ့ပြန်ခဲ့တဲ ဒက်ချမ့်စ်

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သူတို့ရဲ့ကစားပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတာဖြစ်ပြီး စပိန်အသင်းနဲ့ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာလည်း ဂျာနယ်လစ်တစ်ဦးက သူတို့ရဲ့ကစားပုံပျင်းဖို့ကောင်းတယ်လို့ ပြောခဲ့တာကို နည်းပြ ဒက်ချမ့်စ်က တုံ့ပြန်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပေမယ့် အခုထိသွင်းဂိုး ၃ ဂိုးသာသွင်းယူထားနိုင်တာပါ။ဒီ ၃ ဂိုးမှာ ၁ ဂိုးက ဘတ်ပီရဲ့ပင်နယ်တီဂိုး နောက် ၂ ဂိုးက ပြိုင်ဘက်အသင်းရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုကနေ ရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပြင်သစ်အသင်းဟာ Open Play ကနေ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတာပါ။

ပြင်သစ်ကစားပုံပျင်းဖို့ကောင်းတယ်လို့ ပြောခဲ့တဲ့အပေါ် ဒက်ချမ့်စ်က “ခင်ဗျားတို့ကြည့်ရတာ ပျင်းတယ်ဆိုရင် အခြားပွဲကိုကြည့်ပါ။ကျွန်တော်တို့ပွဲကို မကြည့်ပါနဲ့ အဆင်ပြေပါတယ်”လို့ ဆိုခဲ့ပါတယ်။

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေကတော့ ပြင်သစ်ကစားပုံ ပျင်းဖို့ကောင်းတယ်ဆိုတာကို ငြင်းခဲ့ပြီး ဒီလိုအဆင့်မှာ ရလဒ်က အရေးကြီးတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်