EURO 2024

အင်္ဂလန်အသင်း ယူရိုပြိုင်ပွဲဆီမီးဖိုင်နယ်တက်ရာမှာ အရေးပါခဲ့တဲ့ ပစ်ဖိုဒ့်ရဲ့ရေဘူး

အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ယူရို ၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ကို တက်ခဲ့ရာမှာ ဂိုးသမား ပစ်ဖိုဒ့်ရဲ့ရေဘူးဟာ အရေးပါတဲ့ အခန်းကဏ္ဍအနေနဲ့ ရှိခဲ့တာဖြစ်ပါတယ်။

ပစ်ဖိုဒ့်ဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီကန်သွင်းတဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တာပါ။ပစ်ဖိုဒ့်ဟာ ဒီပွဲမတိုင်ခင်မှာ ဆွစ်ဇာလန်ကစားသမားတွေရဲ့ပင်နယ်တီကန်သွင်းမှုကို လေ့လာထားပြီး သူ့ရဲ့ရေဘူးပေါ်မှာ ပြိုင်ဘက်ကစားသမားတွေရဲ့ကန်သွင်းမှုအချက်အလက်တွေကို ရေးသားထားတာဖြစ်ပါတယ်။

ပစ်ဖိုဒ့်ဟာ သူ့ရဲ့ရေဘူးမှာ အကန်ဂျီကန်သွင်းမှုကို ဘယ်ဘက်ဒိုင်ဗင်ပစ်ဖို့ ရေးသားထားတာပါ။တကယ်လည်း အကန်ဂျီဟာ ဘယ်ဘက်ကို ကန်သွင်းခဲ့ပြီး ပစ်ဖိုဒ့်ဟာ သူ့ရဲ့ခန့်မှန်းမှုမှန်ကန်ခဲ့တဲ့အတွက် ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ ဆွစ်ဇာလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်