EURO 2024

နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ပထမဆုံးအကြိမ်ဂိုးပေါက်ပျောက်ပြီး အဆုံးသတ်ခဲ့ရတဲ့ ရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သွင်းဂိုးမရရှိခဲ့တာကြောင့် သူ့ရဲ့ကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဂိုးပေါက်ပျောက်ပြီး အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက် ဒီမှတ်တမ်းဆိုးကြီးကို ရရှိခဲ့တာပါ။ရော်နယ်ဒိုဟာ ဆလိုဗေးနီးယားအသင်းနဲ့ ၁၆ သင်းအဆင့်မှာသာ အချိန်ပိုမှာရရှိတဲ့ ပင်နယ်တီကို ဂိုးဝင်အောင် အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင် မှတ်တမ်းကောင်းကို ဆက်ပြီးထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

အခုတော့ ရော်နယ်ဒိုဟာ မှတ်တမ်းဆိုးနဲ့အတူ ပေါ်တူဂီအသင်းလည်း ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ရော်နယ်ဒိုဟာ ယူရို ၂၀၀၄ ပြိုင်ပွဲထဲ အဓိကပြိုင်ပွဲကြီးတစ်ခုမှာ စတင်ပါဝင်ခဲ့တာဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ယူရိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၁ ကြိမ်အထိ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံးယူရိုပြိုင်ပွဲဖြစ်တယ်လို့ အတည်ပြုထားတာပါ။

အဲ့ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပါဝင်နိုင်ဖို့ ရည်မှန်းထားတယ်ဆိုတာ ရှင်းနေပေမယ့် အဲ့ဒီအချိန်မှာ သူဟာ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်လို့ ပေါ်တူဂီအသင်းအတွက် ပါဝင်ခွင့်ရနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်